
=================================================
Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
=================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆိပ်ဖြူမြို့နယ်၊ ချောင်းမကြီးကျေးရွာအုပ်စု၊ ချောင်းမကြီး(အနောက်) ကျေးရွာ၌ (၂၁-၃-၂၀၁၉) ရက်နေ့၊ (၂၀:၃၀) နာရီအချိန်တွင် မီးပလပ်ခုံအပူလွန်ကဲရာမှတဆင့် မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ခဲ့သည့် လူနေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၅)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၂) အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၀၅၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၀၅၀၀) ကျပ်အား (၂၂-၃-၂၀၁၉) ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ မီးဘေးသင့်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။