Category Archives: News
-
မီးဘေးဗီနိုင်းပိုစတာစိုက်ထူပြီးစီးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၉) ရက်နေ့တွင် မီးဘေးဗီနိုင်းပိုစတာဆိုင်းဘုတ်တစ်ခုကို သရက်-မင်းတုန်းကားလမ်းဘေးတွင် စိုက်ထူပြီးစီးခဲ့ပါကြောင်း သိရှိရပါသည်။ #ar #mgy_mar 2019 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေများ သွားရောက်လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးလျက်ရှိသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာအရှေ့ပိုင်းရှိ အိမ်ခြေ (၁၅၀)၊ အိမ်ထောင်စု (၁၆၃)၊ လူဦးရေ (၅၈၀) ဦးတို့အတွက် သောက်သုံးရေ ဂါလံ (၆၀၀၀) အား သွားရောက်လှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။ #ha_drg #mgy_mar 2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီး ဌာန၊ (၁၃-၃-၂၀၁၉)ရက်နေ့တွင် မိုးညှင်းမြို့၊ နားခါးရပ်ကွက်နေ အိမ်ရှင်ဒေါ်ယဉ်ယဉ်ခိုင်၏ နေအိမ် သွပ်မိုး၊ အုတ်ညှပ် (၂)ထပ်နေအိမ်(၁)လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး ဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ(၃)အား ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင်စု(၁)စုစာ၊ ဆန်ရိက္ခာဖိုး (၆,၃၀၀)နှင့်အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့(၂၀၆,၃၀၀) ကျပ်အား နားခါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှတဆင့် (၂၆-၃-၂၀၁၉)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #kcn_mar2019 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေများ သွားရောက်လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးလျက်ရှိသော ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ဒေါက လော်လဲကျေးရွာသို့ ရေဂါလံ (၃၀၀၀) ဆန့်သော ရေသယ်ယာဉ် (၁) စီးဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။ #ha_drg #kyh_mar 2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ကျေးရွာများတွင် လေဘေးကြိုတင်ကာကွယ်ရေး စီမံချက်လုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလဖြစ်သော ဧပြီ၊ မေ ကာလများတွင် လေပြင်းများကျရောက်နိုင်သဖြင့် (၂၇-၃-၂၀၁၉)ရက်နေ့၌ မင်းဘူးမြို့နယ်၊ ထုံးမကြီးကျေးရွာတွင် လေဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင် ရေးအတွက် လေဘေးအန္တရာယ်ကြိုတင် ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော လေဘေးဒဏ်ခံနိုင်ရည်ရှိသော လူနေအိမ်များ ဖြစ်စေရေးအတွက် ကျေးရွာနေပြည်သူများ၊ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့များနှင့်အတူ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #mgy_mar2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၁၉)ရက်နေ့ နေ့လည်(၁၂:၃၀) မှ(၁၄:၀၀)ထိ မိုးမိတ်မြို့နယ်၊ သဲနီကျေးရွာ ဥပုသ်ဇရပ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန် များပြောကြားခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းပြုလုပ်ခဲ့ရာ တက်ရောက်သူကျေးရွာသူ/သား စုစု ပေါင်း(၆၀)ဦးအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_mar2019 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးခရိုင်၊ မြစ်ကြီးနားမြို့၊ ရှဒေါင်ကျေးရွာ၌ (၂၄-၃-၂၀၁၉) ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၆) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ ထောက်ပံ့ငွေ (၁၂,၆၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စုစာတို့အား (၂၆-၃-၂၀၁၉) ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် ရှဒေါင်အုပ်ချူပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူး ရုံးမှတာဝန်ရှိသူများသည် (၂၆-၃-၂၀၁၉)ရက်နေ့တွင် ကျိုက်လတ်မြို့၊ အမှတ် (၄) ရပ် ကွက်၌ နေအိမ် (၁)လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စုစာ၊ ဆန်ဖိုးငွေ လူဦးရေ (၃) ဦး အတွက် (၆,၃၀၀) ကျပ်၊အိမ်ဆောက်ပစ္စည်းဖိုး ငွေ(၁၀၀,၀၀၀)ကျပ်တို့ကို မီးဘေးဖြစ်ပွားခဲ့သည် နေရာသို့ (၂၆-၃-၂၀၁၉)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရ ပါသည်။ #ha_fir #ayy_mar2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးဒဏ်ခံနိုင်ခြေရှိသည့်အိမ်ခြေများ စာရင်းကောက်ယူခြင်းနှင့် သဘာဝဘေးအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍(၂၆-၃-၂၀၁၉)ရက်နေ့၌ ကသာမြို့နယ်၊ ငါးတဲကျေးရွာအုပ်စု၊ သံတောင်ကျေးရွာတွင် လေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းတစ်ရပ်အနေဖြင့် လေဘေးဒဏ်ခံနိုင်ခြေ ရှိသည့် အိမ်ခြေများစာရင်း ကောက်ယူ ခြင်းနှင့် သဘာဝဘေးအသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #sgg_mar2019 Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့တွင်(၂၄-၃-၂၀၁၉)ရက်နေ့(၀၉:ဝဝ)နာရီမှ(၁၆:၀၀)ထိ ကျင်းပပြုလုပ်သော ငလျင်ဘေး အန္တရာယ်ဇာတ်တိုက်လေ့ကျင့်ခန်းအား ဟိုပင်မြို့၊ အ.ထ.က(၁)တေဇခန်းမတွင် ပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများနှင့်ပြည်သူ (၂၅၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ #simex_eqk #kcn_mar2019 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)









