လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူး ရုံးမှတာဝန်ရှိသူများသည် (၂၆-၃-၂၀၁၉)ရက်နေ့တွင် ကျိုက်လတ်မြို့၊ အမှတ် (၄) ရပ် ကွက်၌ နေအိမ် (၁)လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စုစာ၊ ဆန်ဖိုးငွေ လူဦးရေ (၃) ဦး အတွက် (၆,၃၀၀) ကျပ်၊အိမ်ဆောက်ပစ္စည်းဖိုး ငွေ(၁၀၀,၀၀၀)ကျပ်တို့ကို မီးဘေးဖြစ်ပွားခဲ့သည် နေရာသို့ (၂၆-၃-၂၀၁၉)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရ ပါသည်။
#ha_fir
#ayy_mar2019
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)