Category Archives: News
-
သဘာဝဘေးအသိပညာဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၄-၂၀၁၉) ရက်နေ့ နံနက် (၀၉:၃၀)နာရီမှ (၁၂:၀၀) နာရီအထိ မိုင်းယောင်းမြို့နယ်၊ ဝမ်ကောင်းကျေးရွာအုပ်စု၊ ဝမ်ကောင်းကျေးရွာတွင်ပြည်သူလူထု (၁၈၀) ဦးတို့အားလည်းကောင်း၊ (၁၃:၀၀) နာရီမှ (၁၅:၀၀) နာရီ၊ မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်ကျေးရွာအုပ်စု၊ ကော့ခွယ် ကျေးရွာတွင်ပြည်သုလူထု (၁၅၀) ဦးအားလည်းကောင်း သဘာဝဘေးအသိပညာဟောပြောပွဲပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဦးစီးဋ္ဌာနလုပ်ငန်း ဆောင်ရွက်မှုများနှင့် ဘသာဝဘေးအန္တရာယ် ဆောင်ရန် /ရှောင်ရန်များအား ဗီဒီယိုပြသခြင်း၊ ငလျင်ဘေးနှင့်ပတ်သတ်၍ လက်တွေ့သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာများဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း … Read more
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁.၄.၂၀၁၉)ရက်နေ့တွင် ရွာငံမြို့နယ်၊ ယုန်တောင်ကျေးရွာရှိ ရေရှားပါးမှုဒဏ်ခံစားနေရသော ပြည်သူများ အတွက် သောက်သုံးရေ (၈၀၀၀) ဂါလံအား သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #shn_apr2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UN Women ၏ ဌာနေကိုယ်စားလှယ်က လာရောက်တွေ့ဆုံမှုသတင်း
ဧပြီ ၁၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UN Women ၏ ဌာနေကိုယ်စားလှယ် Mr. Nicolas Burniat ဦးဆောင်သည့်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် ကျား/မတန်းတူညီမျှရေးနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီကို ပြင်ဆင်ဖွဲ့စည်း၍ ဆောင်ရွက်နေမှုများ၊ ကော်မတီကိုပြင်ဆင်ဖွဲ့စည်းခဲ့ရာတွင် ဌာနဆိုင်ရာများသာမက အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများကိုပါ ထည့်သွင်းဖွဲ့စည်းခဲ့မှုများ၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု … Read more
-
လေပြင်းဘေးထောက်ပံ့မှုသတင်း
Source: ပြည်ထောင်စုနယ်မြေတိုင်းဦးစီးမှူးရုံး (ဘစမ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေတိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ အောင်သာကျေးရွာအုပ်စု၊ အောင်သာကျေးရွာတွင် (၂၉-၃-၂၀၁၉) ရက်နေ့၊ (၁ရး၃၀) အချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် အောင်သာကျေးရွာရှိ မြင့်မိုရ်ဦးဘုန်းတော်ကြီးကျောင်း အမိုးလန်ပျက်စီးမှုအတွက် ကျောင်းဆောက် ပစ္စည်းအလှူငွေ (၁၀၀၀၀၀) ကျပ်အား (၁-၄-၂၀၁၉) ရက်နေ့ (၁၄:၀၀) အချိန်တွင် ကျောင်းထိုင်ဆရာတော်ထံသို့ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။# ha_sgw #npw_apr2019
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊: ဥတ္တရခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၁၉)ရက်နေ့ (၀၃း၂၇)နာရီအချိန်တွင် ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ ကျည်တောင်ကျေးရွာတွင် နေအိမ် (၁)လုံးမီး လောင်ကျွမ်းခဲ့သည့်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)၊ မီးဘေးသင့်လူဦးရေ (၆)ဦး အတွက် ဆန်ရိက္ခာဖိုးငွေ(၁၂၆၀၀/-)၊ စုစုပေါင်းရန်ပုံငွေ (၁၁၂၆၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၁)အိမ်ထောင်စုစာတို့ အား (၁.၄.၂၀၁၉)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_apr2019 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
နွေကာလတွင်ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ကြိုတင်သတိပေးနှိုးဆော်ချက်အမှတ်စဉ်(၀၃/၂၀၁၉)
(နွေကာလတွင် ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် =========================================== ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက် အမှတ်စဉ်(၀၃/၂၀၁၉) ============================================ (၂၀၁၉ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ထုတ်ပြန်ချက်) ============================================ “မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် ဧပြီလအတွင်း နေ့အပူချိန်များ တစ်ဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက် တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာနေရာ တစ်လျှောက်တွင် လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေ ခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။ … Read more
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါး လျက်ရှိသော နက်မောက်မြို့နယ်၊ တမလန်းပင်ကျေးရွာအုပ်စု၊ အင်တောကျေးရွာရှိ အိမ်ခြေ (၁၆၀)၊ အိမ်ထောင်စု (၁၂၂)၊ လူဦးရေ (၉၅၇) ဦးတို့အား (၁.၄.၂၀၁၉) ရက်နေ့ (၀၉:၀၀) အချိန်တွင် သောက်သုံးရေဂါလံ (၆၀၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg mgy_apr2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူး(ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ထန်းဇင်ကျေးရွာအုပ်စု၊ ခံကုန်းကျေးရွာ၌ (၃၁.၃.၂၀၁၉) ရက်နေ့ဖြစ်ပွားသောမီးဘေးမှ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၅)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးအိမ်ထောင်စု (၁)စုစာနှင့်ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၁၀၅၀၀/-)ကျပ်တို့အား (၁.၄.၂၀၁၉)ရက်နေ့တွင် ဆားလင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_apr2019 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၁၉) နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြည်သူလူထု(၁၀၀)ဦးအား သဘာဝဘေးအသိပညာများ ဆွေးနွေးပြောကြားပြီး သဘာဝဘေးနှင် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များပါရှိသော လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာများအား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_apr2019 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ပွင့်ဖြူမြို့နယ်တွင် လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ နဘဲကုန်းကျေးရွာအုပ်စု၊ ရေဖြူတွင်းကျေးရွာ တွင် (၃၀-၃-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်အိမ်ခြေ (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ လူဦးရေ(၄)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာ (၈,၄၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၈,၄၀၀/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး အိမ်ထောင်စု (၂)စုစာတို့အား (၁-၄-၂၀၁၉)ရက်နေ့ (၉း၃၀)အချိန်တွင် ထောက်ပံ့ပေးအပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_apr2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more









