Source: ပြည်ထောင်စုနယ်မြေတိုင်းဦးစီးမှူးရုံး (ဘစမ)
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေတိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ အောင်သာကျေးရွာအုပ်စု၊ အောင်သာကျေးရွာတွင် (၂၉-၃-၂၀၁၉) ရက်နေ့၊ (၁ရး၃၀) အချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် အောင်သာကျေးရွာရှိ မြင့်မိုရ်ဦးဘုန်းတော်ကြီးကျောင်း အမိုးလန်ပျက်စီးမှုအတွက် ကျောင်းဆောက် ပစ္စည်းအလှူငွေ (၁၀၀၀၀၀) ကျပ်အား (၁-၄-၂၀၁၉) ရက်နေ့ (၁၄:၀၀) အချိန်တွင် ကျောင်းထိုင်ဆရာတော်ထံသို့ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။# ha_sgw
#npw_apr2019