သဘာဝဘေးအသိပညာဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁-၄-၂၀၁၉) ရက်နေ့ နံနက် (၀၉:၃၀)နာရီမှ (၁၂:၀၀) နာရီအထိ မိုင်းယောင်းမြို့နယ်၊ ဝမ်ကောင်းကျေးရွာအုပ်စု၊ ဝမ်ကောင်းကျေးရွာတွင်ပြည်သူလူထု (၁၈၀) ဦးတို့အားလည်းကောင်း၊ (၁၃:၀၀) နာရီမှ (၁၅:၀၀) နာရီ၊ မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်ကျေးရွာအုပ်စု၊ ကော့ခွယ် ကျေးရွာတွင်ပြည်သုလူထု (၁၅၀) ဦးအားလည်းကောင်း သဘာဝဘေးအသိပညာဟောပြောပွဲပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဦးစီးဋ္ဌာနလုပ်ငန်း ဆောင်ရွက်မှုများနှင့် ဘသာဝဘေးအန္တရာယ် ဆောင်ရန် /ရှောင်ရန်များအား ဗီဒီယိုပြသခြင်း၊ ငလျင်ဘေးနှင့်ပတ်သတ်၍ လက်တွေ့သရုပ်ပြခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာများဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

# shn_apr2019 Source: ကျိုင်းတုံခရိုင်ဦးစီးမှူး (ဘစမ)

Sign Up

Upcoming Events