
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ထန်းဇင်ကျေးရွာအုပ်စု၊ ခံကုန်းကျေးရွာ၌ (၃၁.၃.၂၀၁၉) ရက်နေ့ဖြစ်ပွားသောမီးဘေးမှ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၅)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးအိမ်ထောင်စု (၁)စုစာနှင့်ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၁၀၅၀၀/-)ကျပ်တို့အား (၁.၄.၂၀၁၉)ရက်နေ့တွင် ဆားလင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#sgg_apr2019
Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)