လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား UN Women ၏ ဌာနေကိုယ်စားလှယ် Mr. Nicolas Burniat ဦးဆောင်သည့်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။
ထိုသို့တွေ့ဆုံရာတွင် ကျား/မတန်းတူညီမျှရေးနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီကို ပြင်ဆင်ဖွဲ့စည်း၍ ဆောင်ရွက်နေမှုများ၊ ကော်မတီကိုပြင်ဆင်ဖွဲ့စည်းခဲ့ရာတွင် ဌာနဆိုင်ရာများသာမက အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများကိုပါ ထည့်သွင်းဖွဲ့စည်းခဲ့မှုများ၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း(MSDP)၊ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ စသည်တို့နှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်း(၂၀၁၃-၂၀၂၂) အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် ကျန်ရှိသည့် (၄)နှစ်တာကာလအတွင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ UNCEDAW ကော်မတီသို့ အစီရင်ခံစာတင်သွင်းမှုဆိုင်ရာ ကိစ္စရပ်များ၊ Beijing Declaration and Platform for Action-BFPA နှင့်ပတ်သက်၍ နိုင်ငံအဆင့် သုံးသပ်ချက်များပြုလုပ်မည့် ကိစ္စရပ်များနှင့် UN Women မှ နည်းပညာပိုင်းဆိုင်ရာ အကူအညီများပေးအပ်နိုင်မှု အခြေအနေနှင့် ပူးပေါင်းဆောင်ရွက် နိုင်မည့်နယ်ပယ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1_otr
#npw_apr2019
Source: MSWRR