Category Archives: News
-
သောက်သုံးရေများ ဖြန့်ဝေပေးမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ကြာကန်ကျေးရွာ(အနောက်ပိုင်း)၊ ဦးကျော်စိန်(တဲတိုက်)၊ ဒေါ်ဖွားကင်း(တဲတိုက်) ရှိပြည်သူများ စက်ရေတွင်းမရှိသည့် အတွက် သောက်သုံးရေများ ပြတ်လပ်လျက်ရှိသော အိမ်ခြေ(၁၄၀)လုံး၊ အိမ်ထောင်စု (၁၅၀)စု၊ လူဦးရေ(၇၀၀)ဦးခန့် အတွက် သောက်သုံးရေ (၆,၀၀၀)ဂါလံ ကို (၈-၄-၂၀၁၉)ရက်နေ့၊ (၉:၃၀)နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #mgy_apr2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၄-၄-၂၀၁၉)ရက်နေ့ တနင်္သာရီမြို့နယ်၊ အနောက်မော်တုန်းကျေးရွာအုပ်စု၊ ကမ်တော့ကမ်းကျေးရွာမှ လေဘေးသင့်အိမ် (၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး အိမ်ထောင်စု (၁)စုစာ၊ အိမ်ဆောက် ပစ္စည်းဖိုး (၁) သိန်းကျပ်နှင့် လူ (၄)ဦးအတွက်ဆန်ဖိုး (၈,၄၀၀) ကျပ်၊ စုစုပေါင်း (၁၀၈,၄၀၀) ကျပ်အား( ၇-၄-၂၀၁၉) ရက်နေ့ (၁၀:၃၀) အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #tny_apr2019 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ရွာသာယာအုပ်စု၊ ချောင်းခွအုပ်စုတို့မှ လေပြင်းဒဏ်ခံနိုင်ရည်အားနည်းသည့်နေအိမ်၊ အဘိုးအဘွားများနေအိမ်၊ ဆင်းရဲနွမ်းပါးပြီး မိသားစုဝင်များပြားသည့် နေအိမ် (၃၀)လုံးအား ရွေးချယ်ပြီး နေအိမ်များမွမ်းမံပြင်ဆင် မှုဆောင်ရွက်နိုင်ရန်အတွက် (၇.၄.၂၀၁၉)ရက်နေ့တွင် ကျေးရွာအုပ်စုတစ်ခု ချင်းအလိုက် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာစာရေး၊ စေတနာ့ဝန်ထမ်းလူငယ်များ၊ ကျေးရွာပြည်သူလူထုများနှင့်တွေ့ဆုံ၍ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအတွက် နေအိမ်များ မွမ်းမံပြင်ဆင်မည့် အစီအစဉ်များအား အသေးစိတ်ဆွေးနွေး ညှိနှိုင်းခြင်း၊ နေအိမ်များအား ကျေးရွာမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ပါကြောင်း … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၁-၄-၂၀၁၉)ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ ကျောက်တလုံးကျေးရွာအုပ်စု၊ ကျွဲခရံကျေးရွာလေဘေးမှ ဘုန်းကြီးကျောင်း သိမ်အမိုးလန်နှင့် အိမ်အမိုးလန်ပျက်စီး (၂) အိမ်တို့အတွက် စုစုပေါင်းထောက်ပံ့ငွေ (၁၂၇၅၀၀) ကျပ်အား (၇-၄-၂၀၁၉) ရက်နေ့ (၁၄:၀၀)အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ သွား ရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #tny_apr2019 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
စနစ်ကျသော ရှေးဦးအရွယ်ကလေးသူငယ်ပြုစုစောင့်ရှောက်ခြင်းကို အကောင်အထည်ဖော်ခြင်းသည် အနာဂတ်အတွက် စွမ်းရည်ပြည်ဝသော လူသားအရင်းအမြစ်များပေါ်ထွက်စေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဆွေးနွေးပြောကြားမှုသတင်း
ပေါင်မြို့၊ ၇ ဧပြီ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် မော်လမြိုင် မြို့နယ်တွင်းရှိ မူလတန်းကြိုကျောင်းများနှင့် မိခင်ဝိုင်းများမှ မိဘများနှင့်တွေ့ဆုံ၍ ရှေးဦးအရွယ်ကလေး သူငယ်ပြုစုစောင့်ရှောက်ရေးဆိုင်ရာအရေးကြီးပုံကို ဆွေးနွေးပြောကြားခြင်းနှင့် ရှေးဦးအရွယ် ကလေး သူငယ် တိုင်းထွာစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။ မွန်ပြည်နယ်သို့ ရောက်ရှိနေသာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်ပြုစုရေးဌာနသို့ရောက်ရှိ၍ ဌာနက စောင့်ရှောက်ထားသော ကလေးငယ်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး ကလေးငယ်များအား အာဟာရမုန့်များနှင့် ကစားစရာအရုပ်များကိုပေးဝေခဲ့ကြပါသည်။ ထို့နောက် … Read more
-
ကျွန်းတောစုကျေးရွာဟောင်းမှ ကျေးရွာသစ်သို့ ပြောင်းရွှေ့မည့် နေအိများအားထောက်ပံ့သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၁၉)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ ခရိုင်၊ ရေတာရှည်မြို့နယ်၊ ကျွန်းတောစုကျေးရွာသစ် ရှင်းလင်းဆောင်တွင် ကျွန်းတောစုကျေးရွာဟောင်းမှ ကျေးရွာ သစ်သို့ ပြောင်းရွှေ့မည့် နေအိမ် (၂၃၆)လုံးအတွက် (၁)အိမ်လျှင် (၁၀၀၀၀၀/-)ဖြင့် ရွှေ့ပြောင်းစရိတ်ထောက်ပံ့ငွေ (၂၃၆၀၀၀၀၀)ကျပ်အား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # ar_sgw # bgo_apr2019
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၁၉) ရက်နေ့၊ နေ့လည်ပိုင်းတွင် ရေတာရှည်မြို့နယ်၊ မိကျောင်းအိုင်ကျးရွာအုပ်စုရှိ ကျေးရွာ (၂) ရွာမှ နေအိမ်များအတွက် လေပြင်းဘေး မဖြစ်ပွားမီ ကြိုတင်ကာကွယ်ရန်နှင့် ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန် လေပြင်းဘေးကြိုတင်ကာကွယ် ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar_sgw #bgo_apr2019
-
လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၄-၂၀၁၉)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မရိုးကျွန်းကျေးရွာရှိ နေအိမ်များသို့ လေပြင်းဘေးဒဏ်ခံနိုင်စေရန် အမိုး၊ အကာများ ပြုပြင်ခြင်း များဆောင်ရွက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ကျေးရွာရှိ စေတနာ့ဝန်ထမ်းလူငယ်များနှင့်ပူးပေါင်း၍ နေအိမ်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) # ar_sgw # bgo_apr2019
-
လေပြင်းဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေတာရှည်မြို့နယ်၊ ကြာအင်းကုန်း ကျေးရွာအုပ်စု၊ ကြာအင်းကုန်းကျေးရွာနှင့် ကိုးတန်းကျေးရွာတို့တွင် (၂-၄-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွား ခဲ့သော လေဘေးမှ အမိုးလန် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-) ကျပ်နှင့် အမိုးလန်နေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ စုစုပေါင်း (၁၈၈,၀၀ဝ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၈၈,၀၀ဝ/-) ကျပ်တို့အား (၆-၄-၂၀၁၉) ရက်နေ့တွင် ရေတာရှည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဘေးသင့်ပြည်သူများ … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မွန်ပြည်နယ်အတွင်းရှိ လူငယ်ရေးရာကော်မတီဝင်များ၊ အဖွဲ့အစည်း၊ ပါတီအသီးသီးရှိ လူငယ်များနှင့် လူငယ်ရေးရာမူဝါဒဆိုင်ရာကိစ္စများ ညှိနှိုင်းဆွေးနွေးမှုသတင်း
မော်လမြိုင်၊ ၇ဧပြီ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ ညနေပိုင်းက မော်လမြိုင်မြို့၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ကျင်းပသော မွန်ပြည်နယ်အတွင်းရှိ လူငယ် ရေးရာကော်မတီဝင်များ၊ အဖွဲ့အစည်းနှင့် ပါတီအသီးသီးရှိ လူငယ်မျာနှင့်တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက မွန်ပြည်နယ်အတွင်း၌ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လာရောက်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများသည် လူသားတစ်ဦးချင်းစီ၏ … Read more









