လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၁၉) ရက်နေ့၊ နေ့လည်ပိုင်းတွင် ရေတာရှည်မြို့နယ်၊ မိကျောင်းအိုင်ကျးရွာအုပ်စုရှိ ကျေးရွာ (၂) ရွာမှ နေအိမ်များအတွက် လေပြင်းဘေး မဖြစ်ပွားမီ ကြိုတင်ကာကွယ်ရန်နှင့် ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန် လေပြင်းဘေးကြိုတင်ကာကွယ် ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ar_sgw
#bgo_apr2019