Category Archives: News
-
လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၁၉)ရက်နေ့၌ ကြို့ပင်ကောက်မြို့နယ်၊ လက်ပံပင်စုကျေးရွာအုပ်စု၊ လက်ပံပင်စု ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ်(၁)လုံးနှင့် အမိုးလန်နေအိမ်(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၁၅,၀၀၀/-)ကျပ်၊ ပြိုလဲအိမ်ထောင်စု(၁)စုရှိ လူဦးရေ(၃)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက် ပံငွေ (၆,၃၀၀/-)ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၁၂၁,၃၀၀/-)ကျပ် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး(ပလပ်စတစ်ပုံးအပါ)(၁)အိမ်ထောင်စာ အား (၁၁-၄-၂၀၁၉)ရက်နေ့ (၁၁း၀၀)နာရီ အချိန်၌ ကြို့ပင်ကောက်မြို့နယ်၊ လက်ပံပင်စုကျေးရွာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ … Read more
-
ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၁၉) ရက်နေ့၌ တန့်ဆည်မြို့နယ်၊ သာစည်ကုန်းကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ရေသောက်အိုင်ရွာ၊ ရွှံ့အိုင်ကျေးရွာနှင့် သစ်တော်ပေါက်ကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးသင့်အိမ်ထောင်စု (၂၇)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀၀,၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(စက္ကူဘူးပါ)(၆)မျိုး (၂၇)အိမ်ထောင်စာတို့အား (၁၀-၄-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
ပြည်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၄-၂၀၁၉)ရက်နေ့ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ရပ်ကွက် (၃)ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၈)စု၊ ကျေးရွာခွဲပေါင်း (၁၂၉)ရွာတို့မှ လေးဘေးကြောင့် ပြိုလဲပျက်စီးနေအိမ် (၃၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေကျပ် (၃,၃၀၀,၀၀၀)၊ ပြိုလဲ (၃၃)အိမ်ရှိ လူဦးရေ (၁၁၇)ဦးအတွက် ဆန်ရိက္ခာထောက်ပံ့ငွေကျပ် (၂၄၅,၇၀၀)၊ အမိုးလန်နေအိမ် (၅၅၆)လုံးနှင့် ဘုန်းကြီးကျောင်း (၈)ကျောင်းအတွက် ထောက်ပံ့ငွေကျပ် (၁၁,၄၄၁,၄၀၀)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၄,၉၈၇,၁၀၀)နှင့် ပြိုလဲနေအိမ် (၃၃)လုံးရှိ အိမ်ထောင်စု (၃၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ ပလပ်စတစ်ပုံးအပါး … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးဗွီနိုင်းဆိုင်းဘုတ်စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၁၉)ရက်နေ့တွင် သဘာဝဘေး အမျိုးမျိုးနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် အချက်များ အား ပြည်သူလူထုများသိရှိစေ ရန်အတွက် သာယာဝတီခရိုင်၊ မင်းလှမြို့၊ မင်းလှ-မိုးညို ကားလမ်းမကြီးဘေးတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး ဗွီနိုင်းဆိုင်းဘုတ်အား လက်ပံတန်းလူမှု ကယ်ဆယ်ရေးအသင်းအဖွဲ့နှင့် မင်းလှမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်စိုက်ထူပေးခဲ့ကြောင်း သတင်းပေးပို့အပ်ပါကြောင်း သတင်းရရှိပါသည်။ #ar_sgw #bgo_apr2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးကြိုတင်ကာကွယ်ရေး အိုးအိမ်ပြုပြင်မှုလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လွှတ်တော်ကိုယ်စားလှယ်၊ သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူးရုံးမှတာဝန်ရှိသူများနှင့်အတူ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ချောင်းဂေါင်းအုပ်စု၊ ချောင်းဂေါင်းကျေးရွာ၊ ကင်မွန်းခြုံအုပ်စု၊ နတ္တလင်းစုကျေးရွာ၊ ဗောဓိကုန်းအုပ်စု၊ ဒန်းဒေါင်းကျေးရွာတို့၌ (၁၀-၄-၂၀၁၉) ရက်နေ့တွင် လေပြင်းဘေးကြိုတင်ကာကွယ်ရန် နေအိမ်များအား ပြင်ဆင်ခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ လေဘေးကြိုတင်ကာကွယ်ရေး အိုးအိမ်ပြုပြင်မှုလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခြင်းတို့ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_sgw #ayy_apr2019 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၁၉) ရက်နေ့၌ မိုးမိတ်မြို့နယ်၊ ဘော်ဒေကျေးရွာနှင့် သရက်ချိုကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁) လုံးပြိုကျခြင်းနှင့် နေအိမ် (၁) လုံးအမိုးလန်ခြင်းတို့အတွက် အိမ် (၁) လုံးလျှင် (၁၀၀၀၀၀) ကျပ်၊ နေအိမ် (၂) လုံးအတွက် စုစုပေါင်း (၂၀၀၀၀၀) ကျပ်တို့အား (၉-၄-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။#ha_sgw #shn_apr2019 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၀.၄.၂၀၁၉)ရက်နေ့၌ သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စု၊ စစ်ပင်ကြီးကျေးရွာတွင် လေပြင်းဘေးကြို တင်ပြင်ဆင်ရေးအဖြစ်နေအိမ်များ မွမ်းမံ ပြင်ဆင်ခြင်း၊ လေပြင်းဘေးကြိုတင်ပြင် ဆင်ရေးနှင့်စပ်လျဉ်း၍ပြည်သူသို့ပန်ကြားချက်လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းအားကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျေးရွာပြည်သူလူထု၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့်အတူပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_sgw #ayy_apr2019 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၄-၂၀၁၉)ရပ်နေ့နှင့် (၉-၄-၂၀၁၉) ရက်နေ့များက ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပျက်စီးအိမ်ထောင်စု (၁၁)စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၅)မျိုး (၁၁-အိမ်ထောင်စာ)နှင့် အိမ်ဆောက်ပစ္စည်းအတွက် ထောက်ပံ့ငွေကျပ် (၃၂၀,၀၀၀) တို့အား (၁၀-၄-၂၀၁၉)ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ သွားရောက်လွှဲပြောင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးအသိပညာများ ရှင်းလင်းပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၁၉) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်လူမှုဝန်ထမ်းရုံးမှ ကြီးမှူးဖွင့်လှစ် သည့် မူလတန်းကြိုကျောင်းများမှ ဆရာ/ ဆရာမများအား ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းတွင် ဘေး (၈) မျိုးအကြောင်းနှင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုဆောင်ရွက်ပေးနေသည့်အစီအစဉ်များ၊ လုပ်ထုံး လုပ်နည်းများနှင့် စည်းမျဉ်းများကို ရှင်းလင်းပို့ချခဲ့ပြီး ဘေး (၄) မျိုး Animation ဗီဒီယိုများနှင့် ကလေးငယ်များအား ဘေးအန္တရာယ် နှင့်ပတ်သက်၍ ကစားခြင်းဖြင့်သင်ကြားပေးနိုင်ရန် ကစားနည်း ဗီဒီယိုဖိုင်များ ပြသသင်ကြားပေးခဲ့ကြောင်း … Read more
-
လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသ ကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ငပုတောမြို့နယ်၊ ဖောင်တိုးကျေးရွာအုပ်စု၊ ဖောင်တိုးကျေးရွာမှ လေပြင်းဒဏ်ခံနိုင်ရည်အား နည်း သည့် နေအိမ်များအား (၁၀-၄-၂၀၁၉)ရက်နေ့တွင် ဖောင်တိုးကျေးရွာအုပ် ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ ကျေးရွာရှိ စေတနာ့ဝန်ထမ်း လူငယ်များနှင့်ပူးပေါင်း၍ နေအိမ်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_sgw #ayy_apr2019 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)









