လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၁၉) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်လူမှုဝန်ထမ်းရုံးမှ ကြီးမှူးဖွင့်လှစ် သည့် မူလတန်းကြိုကျောင်းများမှ ဆရာ/ ဆရာမများအား ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းတွင် ဘေး (၈) မျိုးအကြောင်းနှင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုဆောင်ရွက်ပေးနေသည့်အစီအစဉ်များ၊ လုပ်ထုံး လုပ်နည်းများနှင့် စည်းမျဉ်းများကို ရှင်းလင်းပို့ချခဲ့ပြီး ဘေး (၄) မျိုး Animation ဗီဒီယိုများနှင့် ကလေးငယ်များအား ဘေးအန္တရာယ် နှင့်ပတ်သက်၍ ကစားခြင်းဖြင့်သင်ကြားပေးနိုင်ရန် ကစားနည်း ဗီဒီယိုဖိုင်များ ပြသသင်ကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။#ar
#mgy_apr2019 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)