
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၁၉)ရက်နေ့တွင် သဘာဝဘေး အမျိုးမျိုးနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် အချက်များ အား ပြည်သူလူထုများသိရှိစေ ရန်အတွက် သာယာဝတီခရိုင်၊ မင်းလှမြို့၊ မင်းလှ-မိုးညို ကားလမ်းမကြီးဘေးတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး ဗွီနိုင်းဆိုင်းဘုတ်အား လက်ပံတန်းလူမှု ကယ်ဆယ်ရေးအသင်းအဖွဲ့နှင့် မင်းလှမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်စိုက်ထူပေးခဲ့ကြောင်း သတင်းပေးပို့အပ်ပါကြောင်း သတင်းရရှိပါသည်။
#ar_sgw
#bgo_apr2019
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)