လေဘေးအတွက် ထောက်ပံ့မှုသတင်း

11_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၁၉)ရက်နေ့၌ ကြို့ပင်ကောက်မြို့နယ်၊ လက်ပံပင်စုကျေးရွာအုပ်စု၊ လက်ပံပင်စု ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ်(၁)လုံးနှင့် အမိုးလန်နေအိမ်(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၁၅,၀၀၀/-)ကျပ်၊ ပြိုလဲအိမ်ထောင်စု(၁)စုရှိ လူဦးရေ(၃)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက် ပံငွေ (၆,၃၀၀/-)ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၁၂၁,၃၀၀/-)ကျပ် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး(ပလပ်စတစ်ပုံးအပါ)(၁)အိမ်ထောင်စာ အား (၁၁-၄-၂၀၁၉)ရက်နေ့ (၁၁း၀၀)နာရီ အချိန်၌ ကြို့ပင်ကောက်မြို့နယ်၊ လက်ပံပင်စုကျေးရွာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw
#bgo_apr2019
Source:  ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events