လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂-၄-၂၀၁၉)ရက်နေ့ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ရပ်ကွက် (၃)ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၈)စု၊ ကျေးရွာခွဲပေါင်း (၁၂၉)ရွာတို့မှ လေးဘေးကြောင့် ပြိုလဲပျက်စီးနေအိမ် (၃၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေကျပ် (၃,၃၀၀,၀၀၀)၊ ပြိုလဲ (၃၃)အိမ်ရှိ လူဦးရေ (၁၁၇)ဦးအတွက် ဆန်ရိက္ခာထောက်ပံ့ငွေကျပ် (၂၄၅,၇၀၀)၊ အမိုးလန်နေအိမ် (၅၅၆)လုံးနှင့် ဘုန်းကြီးကျောင်း (၈)ကျောင်းအတွက် ထောက်ပံ့ငွေကျပ် (၁၁,၄၄၁,၄၀၀)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၄,၉၈၇,၁၀၀)နှင့် ပြိုလဲနေအိမ် (၃၃)လုံးရှိ အိမ်ထောင်စု (၃၃)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ ပလပ်စတစ်ပုံးအပါး (၃၃)ပုံးတို့အား (၉-၄-၂၀၁၉)ရက်နေ့နှင့် (၁၀-၄-၂၀၁၉)ရက်နေ့တို့တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။