Category Archives: News
-
ကောလင်းမြို့နယ်တွင် လေဘေးထောက်ပံ့မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကောလင်းမြို့နယ်၊ ပန်းမရဲကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာ၊ ရွာသစ်ကျေးရွာနှင့် ပေတပင်ကျေးရွာတို့ တွင်(၂.၄.၂၀၁၉)ရက်နေ့ (၁၈း၀၀)နာရီ အချိန်တွင် လေပြင်းတိုက်ခတ် မှုကြောင့် အမိုးလန်သွားသော ဘုန်းကြီးကျောင်း(၃)ကျောင်း၊ ကိုယ်ထူကိုယ်ထဖြင့် ဆောက်လုပ်ထားသော ဝန်ထမ်းအိမ်(၂)အိမ်၊ အိမ်ထောင်စု(၅၂)စု၊ ကယ်ဆယ်ရေးပစ္စည်း(၅)မျိုးနှင့် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ စုစုပေါင်း (၁,၅၀၀,၀၀၀/-)ကျပ် (တစ်ဆယ့်ငါးသိန်းတိတိ) အား (၄.၄.၂၀၁၉)ရက်နေ့ (၂း၀၀)နာရီ အချိန်တွင် ဘေးသင့်ပြည်သူတို့ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2019 Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မကွေးမြို့နယ်တွင် လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ဖိုဝေးကျေးရွာနှင့် ဆူးပြစ်စမ်းကျေးရွာတို့တွင် (၁၇-၄-၂၀၁၉)ရက်နေ့ (၁၈း၃၀)နာရီအချိန်၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်း ဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ပြိုကျအိမ်ခြေ (၁)လုံးနှင့် အမိုးလန်အိမ်ခြေ (၂၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ( ၈၄၅,၀၀၀/-)ကျပ် လူဦးရေ (၁၂၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၅၂,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၁၉၇,၀၀၀ )ကျပ် နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၅)မျိုး အိမ်ထောင်စု (၁)စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ၊ အမှတ် (၆) ရပ်ကွက်၊ အင်းဝ (၈) လမ်း ၊ အိမ်အမှတ် (၉၇၇-က) နေ ပိုင်ရှင် ဦးထွန်းထွန်းနေအိမ်မှ (၁၇-၄-၂၀၁၉) ရက်နေ့ (၀၀း၅၁) နာရီတွင် မီးအားမြင့်စက် Auto Relay အလုပ်မလုပ်မှုကြောင့် မီးစတင်လောင်ကျွမ်းခဲ့ရာ နေအိမ် (၂) လုံးမီးလောင်ကျွမ်းခဲ့ပြီး နေအိမ် (၂) လုံး မီးဟတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း မီးလောင်ပျက်စီး၍ အိမ်ထောင်စု (၄) စုမှ လူဦးရေ (၁၄) ဦးတို့ … Read more
-
သောက်သုံးရေလှူဒါန်းမှုသတင်း
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၁၉) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ မာစရော်ရှေ့ကျေးရွာအုပ်စု၊ ဒေါဆီးခူကျေးရွာနှင့် ဒေါကလော်လဲကျေးရွာများသို့ ဂါလံ (၁၀၀၀) ဆံ့ ရေသယ်ယာဉ် (၂) စီးဖြင့် ဖရူဆိုမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများနှင့်အတူ သောက်သုံးရေသွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
-
ခန္တီးခရိုင်ဦးစီးမှူးရုံးမှ နေရပ်ပြန်ပြည်သူများအတွက် ခရီးစရိတ်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသော ခန္တီးအကျဉ်းထောင်မှ မိမိနေရပ်ပြန် အကျဉ်းသား (၁၉၄)ဦးအား ခရီးစရိတ်ထောက်ပံ့ငွေ (၁၂)သိန်းကျပ် (၁၈-၄-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #sgg_apr2019 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးသည် လွှတ်တော်အမတ်၊ မီးသတ်တိုင်းဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး တို့နှင့်အတူ (၁၆-၄-၂၀၁၉) ရက်နေ့ (၀၀:၂၅) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့ မြို့သစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း ဆင်ဖြူတော် အထည်ဆိုင်တွင် မီးမြှင့်စက်အပူလွန်ကဲပြီး မီးစတင်လောင် ကျွမ်းခဲ့သဖြင့် အဆိုပါမီးလောင်မှုအား ငြိမ်းသတ်ရာတွင် မုံရွာခရိုင် မီးသတ်ဦးမှူးအပါ အဝင် မီးတပ်သား(၂)ဦး စုစုပေါင်း (၃)ဦး အောက်စီဂျင်ပြတ်၍ မုံရွာပြည်သူ့ဆေးရုံကြီး တွင် ဆေးကုသမှုခံယူနေပါ သဖြင့် အဆိုပါ (၃)ဦးအား … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာအုပ်စု၊ ရှမ်းအင်းတော်ကျေးရွာ၌ (၁၆-၄-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-) ကျပ်အား (၁၇-၄-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အင်းတော်မြို့နယ်၊ မော်လူးမြို့၊ မင်းသစ္စာရပ်ကွက်၌ (၁၅-၄-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ခေါင်မိုးမြှားတန်းပြုတ်ကျ၍ ဒဏ်ရာရပြည်သူ (၂) ဦး အတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်အား (၁၆-၄-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2019 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မော်လိုက်မြို့နယ်၊ မြို့မ (၂) ရပ်ကွက်၊ လောင်းကောင်းကျေးရွာ၊ ညောင်ဝန်းကျေးရွာတို့၌ (၁၅-၄-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် အိမ်ထောင်စု (၁၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁၃) အိမ်ထောင်စုစာနှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၂၅,၀၀၀/-) ကျပ်အား (၁၆-၄-၂၀၁၉) ရက်နေ့တွင် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ #ha_sgw #sgg_apr2019 Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
သောက်သုံးရေများ ဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖရူဆိုမြို့နယ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် အတူ (၁၅-၄-၂၀၁၉) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါဖုကျေးရွာအုပ်စု၊ ဒေါဖုကျေးရွာ၊ ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ထားလဲကျေးရွာနှင့် ပရယ်တော်ကျေးရွာတို့အတွက် ဂါလံ(၁၂၀၀)ဆံ့ ရေသယ်ယာဉ် (၁) စီး၊ ဂါလံ(၁၀၀၀)ဆံ့ ရေသယ်ယာဉ်(၂)စီးတို့ဖြင့် သောက်သုံးရေများ သွားရောက်ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr_fld #kyh_apr2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)









