ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ၊ အမှတ် (၆) ရပ်ကွက်၊ အင်းဝ (၈) လမ်း ၊ အိမ်အမှတ် (၉၇၇-က) နေ ပိုင်ရှင် ဦးထွန်းထွန်းနေအိမ်မှ (၁၇-၄-၂၀၁၉) ရက်နေ့ (၀၀း၅၁) နာရီတွင် မီးအားမြင့်စက် Auto Relay အလုပ်မလုပ်မှုကြောင့် မီးစတင်လောင်ကျွမ်းခဲ့ရာ နေအိမ် (၂) လုံးမီးလောင်ကျွမ်းခဲ့ပြီး နေအိမ် (၂) လုံး မီးဟတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း မီးလောင်ပျက်စီး၍ အိမ်ထောင်စု (၄) စုမှ လူဦးရေ (၁၄) ဦးတို့ မီးဘေးသင့်ခဲ့သဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၁၈-၄-၂၀၁၉) ရက်နေ့တွင် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စုစာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၂) အိမ်ထောင်စုစာနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုး(၂၉၄၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၆၂၉၄၀၀) ကျပ်အား ဘေးသင့်ပြည်သူများထံ၏လက်ဝယ်သို့ မြို့နယ်အုပ်ချုပ်ရေး၊ ရပ်ကွက်အုပ်ချုပ်ရေးတို့နှင့်အတူ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#ygn_apr2019Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)