လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကောလင်းမြို့နယ်၊ ပန်းမရဲကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာ၊ ရွာသစ်ကျေးရွာနှင့် ပေတပင်ကျေးရွာတို့ တွင်(၂.၄.၂၀၁၉)ရက်နေ့ (၁၈း၀၀)နာရီ အချိန်တွင် လေပြင်းတိုက်ခတ် မှုကြောင့် အမိုးလန်သွားသော ဘုန်းကြီးကျောင်း(၃)ကျောင်း၊ ကိုယ်ထူကိုယ်ထဖြင့် ဆောက်လုပ်ထားသော ဝန်ထမ်းအိမ်(၂)အိမ်၊ အိမ်ထောင်စု(၅၂)စု၊ ကယ်ဆယ်ရေးပစ္စည်း(၅)မျိုးနှင့် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ စုစုပေါင်း (၁,၅၀၀,၀၀၀/-)ကျပ် (တစ်ဆယ့်ငါးသိန်းတိတိ) အား (၄.၄.၂၀၁၉)ရက်နေ့ (၂း၀၀)နာရီ အချိန်တွင် ဘေးသင့်ပြည်သူတို့ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#sgg_apr2019
Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)