
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ဖိုဝေးကျေးရွာနှင့် ဆူးပြစ်စမ်းကျေးရွာတို့တွင် (၁၇-၄-၂၀၁၉)ရက်နေ့ (၁၈း၃၀)နာရီအချိန်၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ဘုန်းတော်ကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်း ဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ပြိုကျအိမ်ခြေ (၁)လုံးနှင့် အမိုးလန်အိမ်ခြေ (၂၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ( ၈၄၅,၀၀၀/-)ကျပ် လူဦးရေ (၁၂၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၅၂,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၁၉၇,၀၀၀ )ကျပ် နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၅)မျိုး အိမ်ထောင်စု (၁)စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး အိမ်ထောင်စု (၂၈)စုစာတို့အား (၁၈-၄-၂၀၁၉)ရက်နေ့ (၁၄း၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_apr2019
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)