Category Archives: News
-
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၁၉) ရက်နေ့၊ (၁၃:၃၀) အချိန်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်၊ ဟင်္သာဝဲကျေးရွာအုပ်စု၊ ဟင်္သာဝဲကျေးရွာတွင် အပူရှိန်မြင့်တက်မှုကြောင့် ဂက်စ်မီးခြစ် ထပေါက်ရာမှ နေအိမ် (၂)လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး မီးကူးစက်လောင်ကျွမ်းမှု မခံရစေရန် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရကြောင်း၊ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးနေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀) ကျပ်၊ အိမ်ထောင်စု (၂)စုရှိ လူဦးရေ (၁၃)ဦးအတွက် တစ်ပတ်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၇,၃၀၀) ကျပ်၊ … Read more
-
ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၁၉)ရက်နေ့ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အိမ်ခြေကျေးရွာအုပ်စု၊ ရွာကုန်းကြီးကျေးရွာရှိ အိမ်ခြေ/အိမ်ထောင်စု (၃၇)စု၊ ဘုန်းကြီးကျောင်း(၁)ကျောင်းတို့အတွက် ဆောက်လုပ်ရေးပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၅,၀၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး (၃၇)အိမ်ထောင်စာတို့အား(၁၉-၄-၂၀၁၉)ရက်နေ့တွင် ကျွန်းလှမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံသို့ ထုတ်ပေးထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးဖြစ်ပွားသည့်နေရာအား မြေပြင်ကွင်းဆင်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုရေးဝန်ကြီး၊ ခရိုင်အုပ်ချုပ်ရေးမှူးအဖွဲ့နှင့်အတူ (၁၈-၄-၂၀၁၉)ရက်နေ့ (၁၈၀၀)နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ၊ ဘုန်းကြီးကျောင်းများအား ထောက်ပံ့နိုင်ရေးအတွက်မြေပြင်တွင် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသတင်းရရှိပါသည်။
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အား ကုလသမဂ္ဂယာယီဌာနေ ကိုယ်စား လှယ်နှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ညှိနှိုင်းရေးမှူး က လာရောက်တွေ့ဆုံမှုသတင်း
ဧပြီ ၁၉၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ကုလသမဂ္ဂ ယာယီဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Knut Ostby က ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး၏ မေခလာခန်းမ၌လာရောက်တွေ့ဆုံပါသည်။ တွေ့ဆုံရာတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်ထားသည့် IDP စခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာအား မကြာမီ အတည်ပြုနိုင်တော့မည် အခြေအနေများ၊ အဆိုပါ မဟာဗျူဟာအား အတည်ပြုပြီးနောက် ဒေသအလိုက်လုပ်ငန်းစီမံချက်များရေးဆွဲ … Read more
-
မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၁၉)ရက်နေ့ (၁၈၄၅)နာရီအချိန်က တောင်တွင်းကြီးမြို့နယ်၊ ကျေးရွာ(၁၈)ရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ဘုန်းတော်ကြီးကျောင်း(၂)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်၊ ဓမ္မာရုံ(၂)လုံးအတွက် (၁၀၀,၀၀၀)ကျပ်၊ ပြိုကျအိမ်ခြေ (၈)လုံးနှင့် အမိုးလန်အိမ်ခြေ (၂၀၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ( ၆,၈၉၀,၀၀၀)ကျပ်၊ ဒဏ်ရာရလူနာ(၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၇,၂၄၀,၀၀၀ )ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး အိမ်ထောင်စု (၈)စုစာ၊ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး အိမ်ထောင်စု (၂၀၃)စုစာတို့အား (၁၉-၄-၂၀၁၉)ရက်နေ့ (၁၁၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ … Read more
-
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၁၉)ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ နတ်လူထိပ်ပန်ရပ်ကွက်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ (၃)လုံး၊ အမိုးလန်ဘုန်းကြီးကျောင်း(၁)ကျောင်းနှင့် ပြိုကျနေအိမ်(၁)လုံးအတွက် အိမ်ဆောက်/ကျောင်းဆောက်ပစ္စည်းတန်ဖိုးထောက်ပံ့ငွေ (၂၂၀,၀၀၀)ကျပ်၊ အမိုးလန်အိမ်ခြေ (၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၅)မျိုး နှင့် အမိုးလန်ဘုန်းကြီးကျောင်း (၁)ကျောင်းအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး တို့အား (၁၉-၄-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကယားပြည်နယ်ဦးစီးမှူးရုံးမှ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇.၄.၂၀၁၉) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ဒေါသဲကျေးရွာနှင့် တနောကလောကျေးရွာ များသို့ ဂါလံ(၁၀၀၀)ဆံ့ ရေသယ်ယာဉ်(၂)စီး၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါတမကြီးကျေးရွာသို့ ဂါလံ(၃၀၀၀)ဆံ့ ရေသယ်ယာဉ်(၁)စီး၊ ဘောလခဲမြို့နယ်၊ ဘူးခူကျေးရွာအုပ်စု၊ ထားလဲကျေးရွာသို့ ဂါလံ(၁၆၀၀)ဆံ့ရေသယ်ယာဉ်(၂)စီး၊ စုစုပေါင်းရေသယ်ယာဉ် (၅)စီးဖြင့် ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများနှင့်အတူ သောက်သုံးရေများ သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။ #ha_drg #kyh_apr2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၇-၄-၂၀၁၉)ရက်နေ့က လပွတ္တာမြို့နယ်၊ သရက်ကုန်းလဲပျောက်ကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာ၌ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခက်မှုကြောင့် အမိုးလန်နေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ(၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာတန်ဖိုးငွေ (၆,၃၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၆,၃၀၀)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုးတို့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးတို့နှင့်အတူ (၁၉-၄-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ကယားပြည်နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၁၉)ရက်နေ့က ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအုပ်စု၊ ဒေါကူလယ်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးသင့် အိမ်ခြေ/အိမ်ထောင်စု(၁)စုမှ လူဦးရေ(၅)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး(၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၀၀,၀၀၀)ကျပ် နှင့်ဆန်ရိက္ခာ(၇)ရက်စာ တန်ဖိုးငွေကျပ် (၁၀,၅၀၀) စုစုပေါင်းတန်ဖိုးငွေကျပ် (၁၁၀,၅၀ဝ)တို့အား (၁၈-၄-၂၀၁၉)ရက် နေ့ တွင်သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အင်းတော်မြို့နယ် ရပ်ကွက်/ ကျေးရွာများတွင် (၁၅ .၄.၂၀၁၉)နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အိမ်ခြေ (၇၃)လုံး အမိုးလန်ပျက်စီးခဲ့ရာ အိမ်ထောင်စု (၇၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး၊ (၇၃)အိမ်ထောင်စာ အိမ်ဆောက်ပစ္စည်းဖိုး(၂၆၈၅,၀၀၀) ကျပ်တို့ကို (၁၈.၄.၂၀၁၉) နေ့တွင် အင်းတော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ဘေးသင့်ပြည်သူများ ထံသို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #sgg_apr2019 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)









