လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၁၉)ရက်နေ့က ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအုပ်စု၊ ဒေါကူလယ်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးသင့် အိမ်ခြေ/အိမ်ထောင်စု(၁)စုမှ လူဦးရေ(၅)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး(၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၀၀,၀၀၀)ကျပ် နှင့်ဆန်ရိက္ခာ(၇)ရက်စာ တန်ဖိုးငွေကျပ် (၁၀,၅၀၀) စုစုပေါင်းတန်ဖိုးငွေကျပ် (၁၁၀,၅၀ဝ)တို့အား (၁၈-၄-၂၀၁၉)ရက် နေ့ တွင်သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။