စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၁၉)ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ နတ်လူထိပ်ပန်ရပ်ကွက်တွင် လေပြင်းတိုက်ခတ်မှုကြောင့်  အမိုးလန်အိမ်ခြေ (၃)လုံး၊ အမိုးလန်ဘုန်းကြီးကျောင်း(၁)ကျောင်းနှင့် ပြိုကျနေအိမ်(၁)လုံးအတွက် အိမ်ဆောက်/ကျောင်းဆောက်ပစ္စည်းတန်ဖိုးထောက်ပံ့ငွေ (၂၂၀,၀၀၀)ကျပ်၊ အမိုးလန်အိမ်ခြေ (၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၅)မျိုး နှင့် အမိုးလန်ဘုန်းကြီးကျောင်း (၁)ကျောင်းအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး တို့အား  (၁၉-၄-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events