လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇.၄.၂၀၁၉) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ဒေါသဲကျေးရွာနှင့် တနောကလောကျေးရွာ များသို့ ဂါလံ(၁၀၀၀)ဆံ့ ရေသယ်ယာဉ်(၂)စီး၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါတမကြီးကျေးရွာသို့ ဂါလံ(၃၀၀၀)ဆံ့ ရေသယ်ယာဉ်(၁)စီး၊ ဘောလခဲမြို့နယ်၊ ဘူးခူကျေးရွာအုပ်စု၊ ထားလဲကျေးရွာသို့ ဂါလံ(၁၆၀၀)ဆံ့ရေသယ်ယာဉ်(၂)စီး၊ စုစုပေါင်းရေသယ်ယာဉ် (၅)စီးဖြင့် ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများနှင့်အတူ သောက်သုံးရေများ သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။
#ha_drg
#kyh_apr2019
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)