
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အင်းတော်မြို့နယ် ရပ်ကွက်/ ကျေးရွာများတွင် (၁၅ .၄.၂၀၁၉)နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အိမ်ခြေ (၇၃)လုံး အမိုးလန်ပျက်စီးခဲ့ရာ အိမ်ထောင်စု (၇၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး၊ (၇၃)အိမ်ထောင်စာ အိမ်ဆောက်ပစ္စည်းဖိုး(၂၆၈၅,၀၀၀) ကျပ်တို့ကို (၁၈.၄.၂၀၁၉) နေ့တွင် အင်းတော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ဘေးသင့်ပြည်သူများ ထံသို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#sgg_apr2019
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)