Category Archives: News
-
ဇီးကုန်းမြို့နယ်၊ သရက်တစ်ပင်ကျေးရွာအုပ်စု၊ အိုးဖိုစုကျေးရွာ လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့ငွေများပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇီးကုန်းမြို့နယ်၊ သရက်တစ်ပင်ကျေးရွာအုပ်စု၊ အိုးဖိုစုကျေးရွာ၌ (၁၄-၄-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အမိုးလန် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀/-) ကျပ်အား (၂၂-၄-၂၀၁၉) ရက်နေ့၊ (၁၅း၃၀) နာရီ အချိန်တွင် ဘေးသင့်ပြည်သူလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #bgo_apr2019
-
ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသ ကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ တဂေါင်း ဘုရားလမ်း တွင် (၁၈-၄-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ် (၁)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၇)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၂)အိမ်ထောင်စာ (၆၄၇၀၆/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၁၄,၇၀ဝ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၁၄,၇၀ဝ/-)ကျပ်အား (၂၂-၄-၂၀၁၉)ရက်နေ့တွင် ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် … Read more
-
ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ သောက်သုံးရေ များဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၁၉)ရက်နေ့ (၁၀း၄၅)အချိန် ပုဗ္ဗသီရိမြို့နယ် ရွာသစ်ကျေးရွာအုပ်စု၊ ရေအိုးစဉ်ကျေးရွာတွင် သောက်သုံးရေအခက် အခဲဖြစ်ပေါ်လျက်ရှိသည့် အိမ်ခြေ (၃၅)အိမ်၊ လူဦးရေ(၁၇၀)ဦးအတွက် ပုဗ္ဗသီရိမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပုဗ္ဗသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သည့်အဖွဲ့ဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနမှ ရေဂါလံ (၈၀၀)၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရေဂါလံ (၁၂၀၀)၊ စုစုပေါင်းသောက်သုံးရေဂါလံ (၂၀၀၀)တို့အား သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #npw_apr2019 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၄-၂၀၁၉) ရက်နေ့၌ နတ်တလင်းမြို့နယ်၊ ပျဉ်းမကုန်းကျေးရွာအုပ်စု၊ ကံတွင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးမှ မီးဘေးသင့်နေအိမ် (၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၄၀၀၀၀၀) ကျပ်၊ အိမ်ထောင်စု (၈) စုရှိ လူဦးရေ (၂၆) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၅၄၆၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၄၅၄၆၀၀) ကျပ်၊ ကယ်ဆယ် ရေးပစ္စည်း (၁၉) မျိုး (ပလပ်စတစ်ပုံးအပါ) (၈) အိမ်ထောင်စုစာတို့အား (၂၂-၄-၂၀၁၉) … Read more
-
သရက်ခရိုင်ဦးစီးမှူးရုံးမှ လေဘေး သင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်၊ စမ်းလယ်ကျေးရွာအုပ်စု၊ ချင်းကုန်းကျေးရွာတွင် (၂၀.၄.၂၀၁၉)ရက်နေ့ တွင် လေပြင်း တိုက်ခတ် မှုကြောင့် နေအိမ်(၁)လုံး အမိုးလန်ခဲ့ပြီး အိမ်ခြေ(၁)လုံး၊အိမ်ထောင်စု(၁)စု၊ လူဦးရေစုစုပေါင်း(၃)ဦး လေဘေးသင့်ခဲ့ရာ ဘေးသင့် လူဦးရေ (၃)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၆၃၀၀/-)ကျပ်နှင့် နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀/-) ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၃၆၃၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၁)အိမ်ထောင်စာတို့အား (၂၂.၄.၂၀၁၉) ရက်နေ့တွင် လွှတ်တော် ကိုယ်စားလှယ်များနှင့် သရက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာ … Read more
-
လေဘေးသင့် အမိုးလန်နေအိမ်များအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၇-၄-၂၀၁၉) ရက်နေ့၌ ရေတာရှည်မြို့နယ်၊ လုံးရမ်းကျေးရွာအုပ်စု၊ ကျွဲကောပင်ကျေးရွာ တွင်ဖြစ်ပွားခဲ့သော လေဘေးမှအမိုးလန်နေအိမ် (၂) လုံးအတွက် (၁) အိမ်ထောင်လျှင် (၁၀၀၀၀၀) ကျပ်နှုန်းဖြင့် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀) ကျပ်အား (၂၂-၄-၂၀၁၉) ရက်နေ့တွင် ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနအစည်းအဝေးခန်းမ၌ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ha_sgw #bgo_apr2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ပန်းတောင်းမြို့နယ်အတွင်း လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ ရပ်ကွက် (၂) ခုနှင့် ကျေးရွာအုပ်စု (၆) စုတွင် (၁၈-၄-၂၀၁၉) ရက်နေ့၌ လေဘေးသင့်မှုဖြစ်ပွားခဲ့ရာ အဆိုပါလေဘေးကြောင့် နေအိမ် (၁) လုံးပျက်စီးခြင်းနှင့် နေအိမ် (၃၃) လုံး အမိုးလန်ခဲ့ရာ လေဘေးသင့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်၊ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ ထောက်ပံ့ငွေ (၁၂၆၀၀) … Read more
-
သဘာဝဘေးလျော့ပါးရေး အသိ ပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂.၄.၂၀၁၉)ရက်နေ့နံနက် (၀၉း၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်၊ ဘီတွက်ကျေးရွာအုပ်စု၊ ကြိမ်ချောင်း ကျေးရွာမှ ကျေးရွာနေပြည်သူ(၁၂၀)ဦးခန့်တို့အား သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး ဘေးရှစ်မျိုး လက်ကမ်းစာစောင် များဖြန့်ဝေပေးခြင်း၊ ဗွီနိုင်းပိုစတာများအား ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2019 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗွီနိုင်းဆိုင်းဘုတ်များအား သွားရောက်စိုက်ထူပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၁.၄.၂၀၁၉)ရက်နေ့တွင် သဘာဝဘေးအမျိုးမျိးနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်အချက်အလက်များအား ပြည်သူူလူထုများ သိရှိစေရန်အတွက် ကျောက်ဖြူမြို့အဝင်ကားလမ်းမဘေးနှင့် ကျောက်ဖြူမြို့၊ ဗိုလ်ငမောက်လမ်းနှင့် ရုံးတက်လမ်းဆုံနေရာအနီးတို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗွီနိုင်းဆိုင်းဘုတ်များအား သွားရောက်စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #rke_apr2019 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)









