လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ ရပ်ကွက် (၂) ခုနှင့် ကျေးရွာအုပ်စု (၆) စုတွင် (၁၈-၄-၂၀၁၉) ရက်နေ့၌ လေဘေးသင့်မှုဖြစ်ပွားခဲ့ရာ အဆိုပါလေဘေးကြောင့် နေအိမ် (၁) လုံးပျက်စီးခြင်းနှင့် နေအိမ် (၃၃) လုံး အမိုးလန်ခဲ့ရာ လေဘေးသင့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်၊ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ ထောက်ပံ့ငွေ (၁၂၆၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ ပလပ်စတစ်ပုံးပါ (၁) ပုံး၊ အမိုးလန်းနေအိမ် (၃၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၉၆၃၅၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၀၈၉၅၀) ကျပ်တို့အား (၂၂-၄-၂၀၁၉) ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန် ပန်းတောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_apr2019 Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)