မီးဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၄-၂၀၁၉) ရက်နေ့၌ နတ်တလင်းမြို့နယ်၊ ပျဉ်းမကုန်းကျေးရွာအုပ်စု၊ ကံတွင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးမှ မီးဘေးသင့်နေအိမ် (၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၄၀၀၀၀၀) ကျပ်၊ အိမ်ထောင်စု (၈) စုရှိ လူဦးရေ (၂၆) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၅၄၆၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၄၅၄၆၀၀) ကျပ်၊ ကယ်ဆယ် ရေးပစ္စည်း (၁၉) မျိုး (ပလပ်စတစ်ပုံးအပါ) (၈) အိမ်ထောင်စုစာတို့အား (၂၂-၄-၂၀၁၉) ရက်နေ့ (၁၃း၀၀) နာရီအချိန်၌ နတ်တလင်းမြို့နယ်၊ ကံတွင်းကျေးရွာသို့ နတ်တလင်းမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ် ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ha_fir
#bgo_apr2019
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events