လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၁၉)ရက်နေ့ (၁၀း၄၅)အချိန် ပုဗ္ဗသီရိမြို့နယ် ရွာသစ်ကျေးရွာအုပ်စု၊ ရေအိုးစဉ်ကျေးရွာတွင် သောက်သုံးရေအခက် အခဲဖြစ်ပေါ်လျက်ရှိသည့် အိမ်ခြေ (၃၅)အိမ်၊ လူဦးရေ(၁၇၀)ဦးအတွက် ပုဗ္ဗသီရိမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပုဗ္ဗသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သည့်အဖွဲ့ဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာနမှ ရေဂါလံ (၈၀၀)၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရေဂါလံ (၁၂၀၀)၊ စုစုပေါင်းသောက်သုံးရေဂါလံ (၂၀၀၀)တို့အား သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_drg
#npw_apr2019
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)