လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၇-၄-၂၀၁၉) ရက်နေ့၌ ရေတာရှည်မြို့နယ်၊ လုံးရမ်းကျေးရွာအုပ်စု၊ ကျွဲကောပင်ကျေးရွာ တွင်ဖြစ်ပွားခဲ့သော လေဘေးမှအမိုးလန်နေအိမ် (၂) လုံးအတွက် (၁) အိမ်ထောင်လျှင် (၁၀၀၀၀၀) ကျပ်နှုန်းဖြင့် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀) ကျပ်အား (၂၂-၄-၂၀၁၉) ရက်နေ့တွင် ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနအစည်းအဝေးခန်းမ၌ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ha_sgw
#bgo_apr2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)