Category Archives: News
-
ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ သောက်သုံးရေ များဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၄-၄-၂၀၁၉)ရက်နေ့ (၁၂း၃၀)နာရီမှ (၁၃း၃၀)နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာတွင် သောက်သုံးရေအခက်ခဲဖြစ်ပေါ်လျက်ရှိသည့် အိမ်ခြေ(၁၂၅)အိမ်၊ လူဦးရေ( ၅၀၄)ဦးအတွက် သောက်သုံးရေဂါလံ(၁၆၀၀)အား သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_drg #npw_apr2019
-
မြ၀တီခရိုင်ဦးစီးမှူးရုံးမှ သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြဝတီမြို့နယ်၊ ရေပူကျေးရွာရှိ ပြည်သူများ သောက်သုံးရေပြတ်လပ်လျက်ရှိသော အိမ်ခြေ(၁၂၀)လုံး၊ အိမ်ထောင်စု (၁၂၅)စုမှ လူဦးရေ (၅၀၀)ဦးခန့် အတွက် သောက်သုံးရေ (၅၀၀၀)ဂါလံ ကို (၂၃-၄-၂၀၁၉)ရက်နေ့၊ (၁၆၃၀)နာရီအချိန်တွင် မြဝတီမြို့နယ်၊ အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်ဖြန့်ဝေခဲ့ကြောင်းနှင့် ကျေးရွာနေပြည်သူများအား အဝတ်ထည်များထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ သောက်သုံးရေ များဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၄-၄-၂၀၁၉)ရက်နေ့ (၀၉း၀၀)နာရီမှ (၁၀း၀၀)နာရီအချိန်တွင် ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာအုပ်စု၊ ဖက်တဲကုန်းကျေးရွာတွင် သောက်သုံးရေအခက်ခဲဖြစ်ပေါ်လျက်ရှိသည့် အိမ်ခြေ(၇၀)အိမ်၊ လူဦးရေ(၄၂၀)ဦးအတွက် ပုဗ္ဗသီရိမြို့နယ် မြို့နယ်အုပ်ချူပ်ရေးမှူးပါဝင်သည့်အဖွဲ့နှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာန၊ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများပါဝင်သည့်အဖွဲ့၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လှူဒါန်းသည့် သောက်သုံးရေဂါလံ(၁၆၀၀)အား သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_drg #npw_apr2019
-
လေပြင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလဖြစ်သော ဧပြီလနှင့် မေလများတွင် လေပြင်းဘေးအန္တရာယ်များကျရောက်နိုင်သဖြင့် ဇလွန်မြို့နယ်၊ တောင်ပို့တစ်ရာကျေးရွာအုပ်စုအတွင်းရှိ တောင်ပို့တစ်ရာကျေးရွာ၊ ရေလယ်သောင်ကျေးရွာ၊ သရွတ်ဝကျေးရွာ ထောက်ကြံံ့ကျေးရွာ၊ မီးလောင်ကုန်းကျေးရွာ၊ မေဒုံကျေးရွာ၊ ရှမ်းကုန်းစာဖြူစုကျေးရွာ၊ သရက်ချောင်းကျေးရွာ၊ ခွေးတောက်ချောင် းကျေးရွာ၊ ဝါသလကျေးရွာနှင့် ရွာကန့်လန့်ကျေးရွာများရှိ နေအိမ်များအနက်မှ အိမ်ခြေ (၃၀) လုံးအား (၂၃-၄-၂၀၁၉) ရက်နေ့၌ ကျေးရွာအုပ်စုကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် စေတနာ့ဝန်ထမ်းများနှင့်အတူ လေဘေးဒဏ်ခံနိုင်ရည်ရှိသော နေအိမ်များဖြစ် စေရန်အတွက် အိမ်များအား ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း … Read more
-
သဘာဝဘေးအန္တရာယ်နှင့်ပတ်သတ်သော လက်ကမ်းစာစောင်များဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့ နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၄-၂၀၁၉) ရက်နေ့တွင် ရေးမြို့နယ်၊ ရန်ကြီးအောင်ရပ်ကွက်၊ မြသီတာဈေး၌ သဘာဝဘေးအန္တရာယ်နှင့်ပတ်သတ်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူများသိရှိနိုင်ရန်အတွက် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။#ar #mon_apr2019Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလဖြစ်သည့် ဧပြီလနှင့် မေလများတွင် လေပြင်းဘေးအန္တရာယ်များ ကျရောက်နိုင်သဖြင့် မြန်အောင်မြို့နယ်၊ သဲဖြူအုပ်စု၊ ဇလုပ်ကြီးအုပ်စု၊ သပြေကုန်းအုပ်စု၊ ပဲတခွဲအုပ်စု၊ မဲခင်းချောင်အုပ်စု၊ တောကျွဲလူးအုပ်စုများအတွင်းရှိ နေအိမ်များအနက်မှ (၁)အုပ်စုလျှင်အိမ်ခြေ (၃၀)လုံးစီကို ကျေးရွာအုပ်စု/ရပ်ကွက်ကော်မတီဝင်များ ရပ်မိရပ်ဖများ စေတနာ့ဝန်ထမ်းများနှင့်အတူ လေဘေးဒဏ်ခံနိုင်ရည်ရှိသော နေအိမ်များဖြစ်စေရန်အတွက် (၂၃-၄-၂၀၁၉)ရက်နေ့က ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်မြင် သာကျေးရွာနှင့် အာလမ်းကျေးရွာတို့၌ (၁၈-၄-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှု ကြောင့် လေဘေးသင့်အိမ်ထောင်စု (၂၃) စု၊ လူဦးရေ (၁၂၂) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် ဆန်ရိက္ခာဖိုးငွေ စုစုပေါင်း (၂,၅၀၁,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂၃) အိမ်ထောင်စာ တို့အားလည်းကောင်း၊ ကချင်ပြည်နယ်ကြက်ခြေနီအဖွဲ့မှ မိုးကာနှင့် Hygien Parcel (၂၃) အိမ်ထောင်စာ … Read more
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကောင်စီ နယ်မြေအတွင်းရှိ ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာအုပ်စု၊ ဖက်တဲကုန်းကျေးရွာမှ သောက်သုံးရေ အခက် အခဲဖြစ်ပေါ်လျက်ရှိသည့် အိမ်ခြေ (၇၀)၊ လူဦးရေ (၄၂၀) ဦးအတွက် သောက်သုံးရေ ဂါလံ (၁၆၀၀) အား (၂၄-၄-၂၀၁၉) ရက်နေ့ (၀၉း၀၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_drg #npt_apr2019
-
သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၁၉)ရက်နေ့တွင် သောက်သုံးရေရှားပါးလျက်ရှိသော ဖရူဆိုမြို့နယ်၊ မိုဆိုကျးရွာအုပ်စု၊ မိုဆိုကျေးရွာ၊ ဒီးကူးလယ်ကျေးရွာ၊ ထီးဒီးကူးကျေးရွာ၊ ဒေါခရော့ခူကျေးရွာ၊ မြို့မကျေးရွာအုပ်စု လောခုခူကျေးရွာ၊ ဒိုးပရယ်ကျေးရွာအုပ်စု ဝှယ်သူတော်ကျေးရွာ၊ ကေးလျားကျေးရွာအုပ်စု ထီးသဲကူးကျေးရွာများသို့ ဂါလံ(၁၂၅၀)ဆံ့ရေသယ်ယာဉ် (၃)စီး၊ ဂါလံ(၁၀၀၀)ဆံ့ရေသယ်ယာဉ်(၄)စီ၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု ဒေါတချကျေးရွာသို့ ဂါလံ(၃၀၀၀)ဆံ့ရေသယ်ယာဉ်(၁)စီး စုစုပေါင်း ရေသယ်ယာဉ်(၈)စီးဖြင့် ဒီးမော့ဆိုနှင့်ဖရူဆိုမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများ ပါဝင်သည့်အဖွဲ့သည် သောက်သုံးရေများသွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း … Read more
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၁၉) မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာအုပ်စု ရွှေပြည်တန်ရပ် တာလမ်းတွင် လေဘေးသင့်အိမ်ခြေ/အိမ်ထောင်စု (၁)စုမှ လူဦးရေ (၈)ဦးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာ ထောက်ပံ့ငွေ (၁၆,၈၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး စုစုပေါင်း ထောက်ပံ့ငွေ (၁၁၆,၈၀၀)ကျပ်တို့အား (၂၃-၄-၂၀၁၉)နေ့ နေ့လည်(၁၆၀၀)နာရီချိန်တွင်သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။









