လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်မြင် သာကျေးရွာနှင့် အာလမ်းကျေးရွာတို့၌ (၁၈-၄-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှု ကြောင့် လေဘေးသင့်အိမ်ထောင်စု (၂၃) စု၊ လူဦးရေ (၁၂၂) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် ဆန်ရိက္ခာဖိုးငွေ စုစုပေါင်း (၂,၅၀၁,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂၃) အိမ်ထောင်စာ တို့အားလည်းကောင်း၊ ကချင်ပြည်နယ်ကြက်ခြေနီအဖွဲ့မှ မိုးကာနှင့် Hygien Parcel (၂၃) အိမ်ထောင်စာ တို့အားလည်းကောင်း (၂၄-၄-၂၀၁၉) ရက်နေ့၊ (၁၀း၀၀)နာရီအချိန်တွင် အသီးသီးထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#kcn_apr2019

Sign Up

Upcoming Events