သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကောင်စီ နယ်မြေအတွင်းရှိ ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာအုပ်စု၊ ဖက်တဲကုန်းကျေးရွာမှ သောက်သုံးရေ အခက် အခဲဖြစ်ပေါ်လျက်ရှိသည့် အိမ်ခြေ (၇၀)၊ လူဦးရေ (၄၂၀) ဦးအတွက် သောက်သုံးရေ ဂါလံ (၁၆၀၀) အား (၂၄-၄-၂၀၁၉) ရက်နေ့ (၀၉း၀၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_drg
#npt_apr2019

Sign Up

Upcoming Events