ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ သောက်သုံးရေ များဖြန့်ဝေပေးမှုသတင်း

 

 

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၂၄-၄-၂၀၁၉)ရက်နေ့ (၀၉း၀၀)နာရီမှ (၁၀း၀၀)နာရီအချိန်တွင်  ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာအုပ်စု၊ ဖက်တဲကုန်းကျေးရွာတွင် သောက်သုံးရေအခက်ခဲဖြစ်ပေါ်လျက်ရှိသည့် အိမ်ခြေ(၇၀)အိမ်၊ လူဦးရေ(၄၂၀)ဦးအတွက် ပုဗ္ဗသီရိမြို့နယ် မြို့နယ်အုပ်ချူပ်ရေးမှူးပါဝင်သည့်အဖွဲ့နှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာန၊ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများပါဝင်သည့်အဖွဲ့၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လှူဒါန်းသည့် သောက်သုံးရေဂါလံ(၁၆၀၀)အား သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါ သည်။

Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_drg

#npw_apr2019

 

Sign Up

Upcoming Events