လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၁၉)ရက်နေ့တွင် သောက်သုံးရေရှားပါးလျက်ရှိသော ဖရူဆိုမြို့နယ်၊ မိုဆိုကျးရွာအုပ်စု၊ မိုဆိုကျေးရွာ၊ ဒီးကူးလယ်ကျေးရွာ၊ ထီးဒီးကူးကျေးရွာ၊ ဒေါခရော့ခူကျေးရွာ၊ မြို့မကျေးရွာအုပ်စု လောခုခူကျေးရွာ၊ ဒိုးပရယ်ကျေးရွာအုပ်စု ဝှယ်သူတော်ကျေးရွာ၊ ကေးလျားကျေးရွာအုပ်စု ထီးသဲကူးကျေးရွာများသို့ ဂါလံ(၁၂၅၀)ဆံ့ရေသယ်ယာဉ် (၃)စီး၊ ဂါလံ(၁၀၀၀)ဆံ့ရေသယ်ယာဉ်(၄)စီ၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု ဒေါတချကျေးရွာသို့ ဂါလံ(၃၀၀၀)ဆံ့ရေသယ်ယာဉ်(၁)စီး စုစုပေါင်း ရေသယ်ယာဉ်(၈)စီးဖြင့် ဒီးမော့ဆိုနှင့်ဖရူဆိုမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန် ရှိသူများ ပါဝင်သည့်အဖွဲ့သည် သောက်သုံးရေများသွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_drg
#kyh_ apr2019