Category Archives: News
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၁၉)ရက်နေ့တွင် ရေစကြိုမြို့နယ်၊ ထန်းငယ်တော ကျေးရွာအုပ်စု၊ ကွမ်းစီကန်ကျေးရွာတွင် သောက်သုံးရေရှားပါးမှုကြောင့် ကျေးရွာနေပြည်သူ အိမ်ခြေ(၁၈၁)၊ အိမ်ထောင်စု(၁၈၈)၊ လူဦးရေ(၉၃၁)ဦးခန့် သောက်သုံးရေအခက်အခဲကြုံတွေ့နေမှုအား စေတနာရှင်ပြည်သူ များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်တို့နှင့်အတူ ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်ဖြင့် သောက်သုံးရေဂါလံ(၇,၂၀၀)အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြော်င်း သိရှိရပါသည်၊၊ #mgy_may2019 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါးပြတ်လပ်လျက်ရှိသော သရက်မြို့နယ်၊ ပြရေ ကျေးရွာအုပ်စု၊ ဝက်သားစားကျေးရွာရှိ အိမ်ခြေ (၅၇)၊ အိမ်ထောင်စု(၄၅)၊လူဦးရေ(၂၂၃)ဦးအတွက် ရေဂါလံ (၅,၀၀၀)ကို (၄-၅-၂၀၁၉) ရက်နေ့တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်းး သိရှိရပါသည်။ #mgy_may2019 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြာကန်ကျေးရွာ၊ ချောင်းဆင်း(တဲတိုက်) ရှိ ပြည်သူများ သောက်သုံး ရေများ ပြတ်လပ်လျက်ရှိသော အိမ်ခြေ(၁၀၀)လုံး၊ အိမ်ထောင်စု (၁၁၀)စု၊ လူဦးရေ(၅၅၀)ဦးတို့ အတွက် သောက်သုံးရေ (၆,၀၀၀)ဂါလံ ကို (၄-၅-၂၀၁၉)ရက်နေ့၊ (၁၀:၃၀)နာရီအချိန်တွင် သွားရောက်ဖြန့်ဝေ ပေးခဲ့ပါကြောင်း သိရှိရပါသည်။ #mgy_may2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးက တာဝန်ရှိသူများသည် (၄-၅-၂၀၁၉) ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ ကန်နီပေါက်ကျေးရွာ အုပ်စု၊ အေးရွာကျေးရွာ၌ သောက်သုံးရေရှားပါး၍ အခက်အခဲကြုံတွေ့နေရသော ကျေးရွာနေပြည်သူ အိမ်ထောင်စု (၅၀) စုမှ လူဦးရေ (၂၅၀) ဦးခန့်တို့အတွက် သောက်သုံးရေဂါလံ (၁၆၀၀) အား ပုဂံမြို့နယ် မီးသတ်တပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #mdy_may2019 Source: ညောင်ဦးခရိုင်ဦးစီမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၄.၅.၂၀၁၉)ရက်နေ့ နံနက်(၁၀:၀၀) နာရီမှ (၁၁:၀၀)နာရီအထိ မိုင်းဆတ်ခရိုင် ၊ မိုင်းဆတ်မြို့နယ် ၊ ဟိုနားကျေးရွာအုပ်စု ၊ ဟိုနားကျေးရွာတွင် ပြည်သူလူထု (၆၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များအား ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_may2019 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
(၄-၅-၂၀၁၉)ရက်နေ့ (၁၀:၀၀)မှ(၁၁:၃၀)နာရီအထိ နေပြည်တော် ဇေယျာသီရိမြို့နယ်၊ နန်းဩကျေးရွာရှိ သောက်သုံးရေအခက်အခဲဖြစ်ပေါ်လျက်ရှိသော အိမ်ခြေ(၅၀၀) မှ လူဦးရေ(၂၃၅၀) ဦးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဥတ္တခရိုင်လွှတ်တော်ကိုယ်စားလှယ်တို့သည် ဦးစီးဌာန(ရုံးချုပ်) ဥတ္တရခရိုင်ဝန်ထမ်းအိမ်ရာမိသားစုမှ လှူဒါန်းသည့် ရေဂါလံ (၁၆၀၀) နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဥတ္တရခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဂါလံ (၁၆၀၀)၊ စုစုပေါင်းရေဂါလံ (၃၂၀၀) အား ကွင်းဆင်းဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #npw_may2019 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၁၉)ရက်နေ့ (၁၄:၀၀) နာရီမှ(၁၅:၀၀)နာရီထိ ကလေးခရိုင် ၊ ကလေးမြို့နယ်၊ ကံပုလဲကျးရွာအုပ်စု ၊ ရေလဲဦးကျေးရွာတွင် ပြည်သူလူထု (၁၅၀)ခန့်အား ရေဘေး၊ ငလျင်ဘေး မိုးကြိုးဘေး များအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ #ar #sgg_may2019 Source: ကလေးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
“လေဖိအားနည်းရပ်ဝန်းအခြေအနေ”
(၂၀၁၉ ခုနှစ်၊ မေလ (၅)ရက်နေ့ မြန်မာစံတော်ချိန်(၀၅:၀၀)နာရီအချိန်ထုတ်ပြန်ချက် (က) ယနေ့မြန်မာစံတော်ချိန် (၀၄:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ မဂ္ဂါလေရာ ပြည်နယ်(Meghalaya)တွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်(Depression)သည် အရှေ့မြောက်ဘက် သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်(Assam)သို့ ရောက်ရှိကာ၊ လေဖိအားနည်း ရပ်ဝန်း(Low Pressure Area)အဖြစ်သို့ အားလျော့သွားပြီ ဖြစ်ပါသည်။ Source: DMH
-
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၄၉/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ မေလ (၄)ရက်နေ့ မြန်မာစံတော်ချိန်(၂၃:၀၀)နာရီအချိန်ထုတ်ပြန်ချက်) မုန်တိုင်းငယ်အခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၂၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ မဂ္ဂါလေရာပြည်နယ် (Meghalaya)အနီးတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျား ခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ မဂ္ဂါလေရာပြည်နယ်(Meghalaya)၊ ဂူဝါဟာတီမြို့(Guwahati)၏ အနောက် တောင်ဘက် မိုင်(၈၀)ခန့်၊ ရှီလောင်းမြို့(Shillong)၏ အနောက်တောင်ဘက် (၇၅)မိုင်ခန့် အကွာတွင် တည်ရှိနေပါသည်။ အဆိုပါ မုန်တိုင်းငယ်(Depression)သည် အရှေ့မြောက်ဘက် သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။ နောက်(၁၂)နာရီအတွင်းခန့်မှန်းချက် ======================== (က) … Read more
-
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၄၈/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ မေလ (၄)ရက်နေ့ မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်) မုန်တိုင်းငယ်အခြေအနေ ================== (က) ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်(Depression)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့(Dhaka)၏ မြောက်ဘက် မိုင်(၇၀)ခန့်အကွာ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ မဂ္ဂါလေရာပြည်နယ် (Meghalaya)တို့ ပေါ်တွင် တည်ရှိနေပါသည်။ အဆိုပါ မုန်တိုင်းငယ်(Depression)သည် အရှေ့မြောက်ဘက် သို့ ဆက်လက်ရွေ့လျားလျက်ရှိပါသည်။ နောက်(၆)နာရီအတွင်းခန့်မှန်းချက် (က) မုန်တိုင်းငယ်(Depression)သည် နောက်(၆)နာရီအတွင်း လေဖိအားနည်းရပ်ဝန်း (Low Pressure … Read more









