သောက်သုံးရေဖြန့်ဝေပေးမှုသတင်း

5_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးက တာဝန်ရှိသူများသည် (၄-၅-၂၀၁၉) ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ ကန်နီပေါက်ကျေးရွာ အုပ်စု၊ အေးရွာကျေးရွာ၌ သောက်သုံးရေရှားပါး၍ အခက်အခဲကြုံတွေ့နေရသော ကျေးရွာနေပြည်သူ အိမ်ထောင်စု (၅၀) စုမှ လူဦးရေ (၂၅၀) ဦးခန့်တို့အတွက် သောက်သုံးရေဂါလံ (၁၆၀၀) အား ပုဂံမြို့နယ် မီးသတ်တပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

#mdy_may2019

Source: ညောင်ဦးခရိုင်ဦးစီမှူးရုံး (ဘစမ)

Sign Up

Upcoming Events