
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြာကန်ကျေးရွာ၊ ချောင်းဆင်း(တဲတိုက်) ရှိ ပြည်သူများ သောက်သုံး ရေများ ပြတ်လပ်လျက်ရှိသော အိမ်ခြေ(၁၀၀)လုံး၊ အိမ်ထောင်စု (၁၁၀)စု၊ လူဦးရေ(၅၅၀)ဦးတို့ အတွက် သောက်သုံးရေ (၆,၀၀၀)ဂါလံ ကို (၄-၅-၂၀၁၉)ရက်နေ့၊ (၁၀:၃၀)နာရီအချိန်တွင် သွားရောက်ဖြန့်ဝေ ပေးခဲ့ပါကြောင်း သိရှိရပါသည်။
#mgy_may2019
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)