(၄-၅-၂၀၁၉)ရက်နေ့ (၁၀:၀၀)မှ(၁၁:၃၀)နာရီအထိ နေပြည်တော် ဇေယျာသီရိမြို့နယ်၊ နန်းဩကျေးရွာရှိ သောက်သုံးရေအခက်အခဲဖြစ်ပေါ်လျက်ရှိသော အိမ်ခြေ(၅၀၀) မှ လူဦးရေ(၂၃၅၀) ဦးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဥတ္တခရိုင်လွှတ်တော်ကိုယ်စားလှယ်တို့သည် ဦးစီးဌာန(ရုံးချုပ်) ဥတ္တရခရိုင်ဝန်ထမ်းအိမ်ရာမိသားစုမှ လှူဒါန်းသည့် ရေဂါလံ (၁၆၀၀) နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဥတ္တရခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဂါလံ (၁၆၀၀)၊ စုစုပေါင်းရေဂါလံ (၃၂၀၀) အား ကွင်းဆင်းဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
#npw_may2019
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)