
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၁၉)ရက်နေ့တွင် ရေစကြိုမြို့နယ်၊ ထန်းငယ်တော ကျေးရွာအုပ်စု၊ ကွမ်းစီကန်ကျေးရွာတွင် သောက်သုံးရေရှားပါးမှုကြောင့် ကျေးရွာနေပြည်သူ အိမ်ခြေ(၁၈၁)၊ အိမ်ထောင်စု(၁၈၈)၊ လူဦးရေ(၉၃၁)ဦးခန့် သောက်သုံးရေအခက်အခဲကြုံတွေ့နေမှုအား စေတနာရှင်ပြည်သူ များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်တို့နှင့်အတူ ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်ဖြင့် သောက်သုံးရေဂါလံ(၇,၂၀၀)အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ကြော်င်း သိရှိရပါသည်၊၊
#mgy_may2019
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)