Category Archives: News
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော ညောင်ဦးမြို့နယ်၊ ကျောက်ကန်ကျေးရွာအုပ်စု၊ ကျောက်ကန်ကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ထောင်စု (၂၀၂) စုမှ လူဦးရေ (၉၇၂) ဦးအတွက် သောက်သုံးရေဂါလံ (၁၆၀၀) ကို ညောင်ဦးမြို့နယ် ပုဂံမီးသတ်တပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ သွားရောက်ဖြန့်ဝေထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_may2019 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်ကူညီထောက်ပ့ံရေးလုပ်ငန်းများ လက်တွေ့သရုပ်ပြသခြင်း ပူးပေါင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)မှ တာဝန်ရှိသူများသည် မေလ (၅) ရက်နေ့တွင်ကျရောက်သော မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့တွင် မြေငလျင်လှုပ်ခတ် ပြီးနောက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အရေးပေါ်ကွပ်ကဲရေးရုံး၊ အရေးပေါ် ကျန်းမာရေးဌာန၊ ယာယီခိုလှုံရန်နေရာများသတ်မှတ်၍ ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ် ကူညီထောက်ပံ့ရေးလုပ်ငန်းများ လက်တွေ့သရုပ်ပြသခြင်းကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသတင်း ရရှိပါသည်။ #simex #shn_may2019 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆင်ပေါင်ဝဲမြို့နယ်၊ ဝါးရှိကျေးရွာအုပ်စု၊ ဝါးရှိကျေးရွာတွင် (၄-၅-၂၀၁၉)ရက်နေ့၊ (၁၅:၃၀)နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံးအမိုးလန်ခဲ့ပြီး အိမ်ထောင်စု(၁)စု၊ လူဦးရေ စုစုပေါင်း(၃)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၃)ဦး အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ(၆,၃၀၀) ကျပ်နှင့် နေအိမ်(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀,၀၀၀)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၃၆,၃၀၀)ကျပ်နှင့် (၁)အိမ်ထာင်စာအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး တို့ကို (၆-၅-၂၀၁၉) ရက်နေ့တွင် ဆင်ပေါင်ဝဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူး ၏ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #mgy_may2019 Source: … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၉) ရက်နေ့၌ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာအုပ်စု၊ ကောင်းမှုတန်ကျေးရွာတွင် ကျေးရွာသူ/ကျေးရွာသား (၇၀) ဦးခန့်ကို သဘာဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်ရှောင်ရန် များ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ #ar #shn_may2019 Source:မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဖရူဆိုမြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် ပူးပေါင်း၍ (၄-၅-၂၀၁၉) ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ကေးလျားရှေ့ကျေးရွာအုပ်စု၊ ဒေါခူလီကျေးရွာနှင့် ဒေါပိုရှေ့ ကျေးရွာမျးသို့ ဂါလံ (၁၂၅၀) ဆံ့ ရေသယ်ယာဉ် (၂) စီးဖြင့်သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_may2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၉)ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ မကျည်းသုံးပင် ကျေးရွာအုပ်စု၊ မကျည်းသုံးပင်ကျေးရွာတွင် သောက်သုံးရေရှားပါးမှုကြောင့် ကျေးရွာနေပြည်သူ အိမ်ခြေ (၁၃၂)၊ အိမ်ထောင်စု (၁၃၂)၊ လူဦးရေ(၆၂၈)ဦးခန့် သောက်သုံးရေအခက်အခဲကြုံတွေ့နေမှုအား စေတနာ ရှင်ပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမောင်မြားတို့နှင့်အတူ ကမ္ဘောဇ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်ဖြင့် သောက်သုံးရေဂါလံ(၁၀,၀၀၀)အား ကျေးရွာ အရောက် သွားရောက်ဖြန့်ဝေခဲ့ပါသည်၊၊ ဆက်လက်၍ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာအုပ်စု၊ ဝါးရင်းချိုင်ကျေးရွာတွင် သောက်သုံးရေရှား ပါမှုကြောင့် ကျေးရွာနေပြည်သူ အိမ်ထောင်စု(၃၈၀)၊ … Read more
-
သောက်သုံးရေလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြာကန်ကျေးရွာ၊ ကံကြီးကုန်း(တဲတိုက်) ရှိ ပြည်သူများ သောက်သုံးရေများ ပြတ်လပ်လျက်ရှိသော အိမ်ခြေ (၁၁၅) လုံး၊ အိမ်ထောင်စု (၁၂၃) စု၊ လူဦးရေ (၅၆၀) ဦးတို့အတွက် သောက်သုံးရေ (၆၀၀၀) ဂါလံအား (၅-၅-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။#ha_drg #mgy_may2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
“လေဖိအားနည်းရပ်ဝန်းအခြေအနေ”
(၂၀၁၉ ခုနှစ်၊ မေလ (၅)ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ===================================================== (က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန်တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အာသံ ပြည်နယ်(Assam) တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area) သည် အားပျော့ပျက်ပြယ်သွားပြီး ဖြစ်ပါသည်။ (ခ) ယခုသတင်းသည် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း”ဖန်နီ”(FANI) အတွက် ထုတ်ပြန်ပေးသည့် နောက်ဆုံးသတင်း ဖြစ်ပါသည်။ Source: DMH
-
လေးပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
ကချင်ပြည်နယ် ၊ မြစ်ကြီးနားခရိုင် ၊တနိုင်းမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု မိုင်းခွန်ကျေးရွာတို့တွင်(၁၅- ၄ -၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်အိမ်ထောင်စု(၃၅) စု၊ လူဦးရေ (၁၄၆) ဦး တို့အတွက် ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ( ၃,၈၀၆,၆၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၃၅) စုစာအား (၄-၅-၂၀၁၉)ရက်နေ့ (၁၁:၃၀)အချိန်တွင်၌ တနိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ၊ကချင်ပြည်နယ်ဦးစီးမှူးရုံးမှပြည်နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါ သည်။ #ha_sgw … Read more
-
သောက်သုံးရေဖြန့်ဝေလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တာဟန်းရပ်ကွက်အုပ်ချုပ်ရေးမှူး၏ သောက်သုံးရေပြတ်လပ်လျက်ရှိနေကြောင့် အကူအညီတောင်းခံလာမှုအပေါ် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ကလေးလွင်ပြင်လူမှုကူညီရေးပရဟိတအဖွဲ့များ၊ တာဟန်းရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ရွာတာဝန်ခံများ၊ တာဟန်း လူငယ်များကွန်ယက်တို့နှင့်ပူပေါင်း၍ (၄-၅-၂၀၁၉) ရက်နေ့တွင် ကလေးမြို့နယ်အတွင်းရှိ တာဟန်းရပ်ကွက်နေပြည်သူများထံသို့ ရေဂါလ ံ( ၉၄၀၀) အား (၄-၅-၂၀၁၉) ရက်နေ့တွင် ဖြန့်ဝေလှုုဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။#ha_drg #sgg_may2019 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)









