သောက်သုံးရေဖြန့်ဝေပေးမှုသတင်း

5_Pic_03 5_Pic_04
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် (၅-၅-၂၀၁၉)ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ မကျည်းသုံးပင် ကျေးရွာအုပ်စု၊ မကျည်းသုံးပင်ကျေးရွာတွင် သောက်သုံးရေရှားပါးမှုကြောင့် ကျေးရွာနေပြည်သူ အိမ်ခြေ (၁၃၂)၊ အိမ်ထောင်စု (၁၃၂)၊ လူဦးရေ(၆၂၈)ဦးခန့် သောက်သုံးရေအခက်အခဲကြုံတွေ့နေမှုအား စေတနာ ရှင်ပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမောင်မြားတို့နှင့်အတူ ကမ္ဘောဇ အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်ဖြင့် သောက်သုံးရေဂါလံ(၁၀,၀၀၀)အား ကျေးရွာ အရောက် သွားရောက်ဖြန့်ဝေခဲ့ပါသည်၊၊
ဆက်လက်၍ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာအုပ်စု၊ ဝါးရင်းချိုင်ကျေးရွာတွင် သောက်သုံးရေရှား ပါမှုကြောင့် ကျေးရွာနေပြည်သူ အိမ်ထောင်စု(၃၈၀)၊ လူဦးရေ(၁၅၀၀)ဦးခန့်သည် သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေမှုအား စေတနာရှင်ပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဇော်လင်းတို့နှင့်အတူ သောက်သုံး ရေဂါလံ(၆၄၀၀)အား ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေး ရှင်းမှ ရေသယ်ယာဉ်ဖြင့် ကျေးရွာအရောက် သွားရောက်ဖြန့်ဝေခဲ့ပါသည်၊၊ ယနေ့အတွက် သောက်သုံး ရေဖြန့်ဝေမှုမှာ ဂါလံပေါင်း (၁၆,၄၀၀)ဂါလံ ဖြစ်ကြောင်း သိရှိရပါသည်။

#mgy_may2019

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events