လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

6_Pic_01
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဆင်ပေါင်ဝဲမြို့နယ်၊ ဝါးရှိကျေးရွာအုပ်စု၊ ဝါးရှိကျေးရွာတွင် (၄-၅-၂၀၁၉)ရက်နေ့၊ (၁၅:၃၀)နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံးအမိုးလန်ခဲ့ပြီး အိမ်ထောင်စု(၁)စု၊ လူဦးရေ စုစုပေါင်း(၃)ဦး ဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ (၃)ဦး အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ(၆,၃၀၀) ကျပ်နှင့် နေအိမ်(၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀,၀၀၀)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၃၆,၃၀၀)ကျပ်နှင့် (၁)အိမ်ထာင်စာအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး တို့ကို (၆-၅-၂၀၁၉) ရက်နေ့တွင် ဆင်ပေါင်ဝဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူး ၏ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

#ha_sgw
#mgy_may2019

Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events