Category Archives: News
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၅-၂၀၁၉)ရက်နေ့က ကြံခင်းမြို့နယ်၊ ရေနံတောင်ကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာ၌ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲ(ဝါး)အိမ် (၁)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ် (၃)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၇၀,၀၀၀)ကျပ်၊ လူဦးရေ(၁၅)ဦးအတွက်(၇)ရက်စာဆန်ဖိုးထောက်ပံ့ငွေ (၃၁,၅၀၀)၊ ပြိုလဲအိမ်ထောင်စု(၁)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးတန်ဖိုးငွေ (၃၂,၃၅၃)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၃၃,၈၅၃)ကို (၁၀-၅-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများအတွက် ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့သွားရောက် လွှဲပြောင်း ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၁၉)ရက်နေ့၊ ညနေ(၁ရ၃၀)နာရီအချိန်က တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ပါဘီး(၃)ကျေးရွာတွင် ကလေးမီးဆော့ကစားရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ(ဝါးသက်ကယ်မိုး)နေအိမ် (၁)လုံး မီးလောင်ကျွမ်းခဲ့ပြီး လူဦးရေ(၆)ဦး မီးဘေးသင့်ခဲ့ရာ အဆိုပါမီးဘေးသင့် အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးနှင့် ဘေးသင့်လူဦးရေ (၆)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာထောက်ပံ့ငွေကျပ် (၁၂,၆၀ဝ)နှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ်(၁၀၀,၀၀ဝ)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၁၂,၆၀ဝ)အား (၁၀-၅-၂၀၁၉)ရက်နေ့တွင် မိုင်းကိုးကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးအန္တရာယ်ကာကွယ်ရေးရာ ကော်မတီအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းအစည်းအဝေးပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၅-၂၀၁၉) ရက်နေ့တွင်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးရာ ကော်မတီအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်း အစည်းအဝေးကို ဒေးဒရဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ဌာန(၅)ခုမှ ဒေးဒရဲမြို့နယ်အတွင်းလုပ်ငန်းများဆောင်ရွက်ရာတွင်အားနည်းချက်အားသာချက်များဖေါ်ထုတ်ဆွေးနွေးခဲ့ကြရာ ဒေးဒရဲမြို့နယ်ဦးစီးမှူးရုံးမြေနေရာရရှိရေးနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ကော်မတီ ရန်ပုံငွေဖြင့် တည်ဆောက် နေသည့် Shelter (၅) လုံးတည်ဆောက်မှုအခြေအနေများကိုတင်ပြဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ #ayy_may2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၁၉) ရက်နေ့၌ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကျေးရွာအုပ်စု(၅)စု၊ ကျေးရွာ(၁၃)ရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ်(၁၆)လုံးနှင့် အမိုးလန်နေအိမ်(၁၂၇)လုံး၊ အမိုးလန်ဘုန်းကြီးကျောင်း(၁)ကျောင်းတို့အတွက် အိမ်/ကျောင်း ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀၈၂၅၀) ကျပ်၊ ပြိုလဲအိမ်ထောင်စု(၁၆)စုရှိ လူဦးရေ(၄၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၉၂၄၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၇၁၀၀၆၅၀)ကျပ် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး ၊ (ပလပ်စတစ်ပုံးအပါ) (၁၆) အိမ်ထောင်စာအား (၁၀-၅-၂၀၁၉) ရက်နေ့ (၁၄း၃၀)နာရီအချိန်တွင် အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊မိုးတားလေးကျေးရွာအုပ်စု၊ မိုးတားလေး(အလယ်ရပ်)တွင် (၈-၅-၂၀၁၉)ရက်နေ့၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စု(၂)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀,၀၀၀)၊လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာဖိုး(၁၆,၈၀၀)၊စုစုပေါင်း(၂၁၆,၈၀၀)အား (၉-၅-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_rbe #sgg_may2019 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုင်းထိသေဆုံးသူအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၉-၅-၂၀၁၉)ရက်နေ့၌ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာ RC camp-1 မှ မိုင်းထိမှန်သေဆုံးတစ်ဦးအတွက် (၃၀၀,၀၀၀) ကျပ်ကို (၁၀-၅-၂၀၁၉)ရက်နေ့နေ့လည်(၁:၀၀)နာရီအချိန်၌ ကျန်ရစ်သူမိသားစုများထံသို့လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #krn_may2019 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၁၉) ရက်နေ့နှင့် (၇-၅-၂၀၁၉) ရက်နေ့၌ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၆) စုတွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ် (၄၈) လုံး၊ ပြိုလဲဘုန်းကြီးကျောင်း (၁) ကျောင်းနှင့် အမိုးလန်နေအိမ် (၃၇၆) လုံးနှင့် အမိုးလန်ဘုန်းကြီးကျောင်း (၄) ကျောင်းအတွက် အိမ်/ကျောင်း ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၃၇၁၉၈၀၀) ကျပ်၊ ပြိုလဲအိမ်ထောင်စု (၄၈) စုရှိ လူဦးရေ (၂၀၇) ဦး … Read more
-
မိုးကြိုးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
(၉.၅.၂၀၁၉)ရက်နေ့ ချောင်းဆုံမြို့နယ်၊ဆယ်ပလာကျေးရွာအုပ်စုတွင် မိုးကြိုးပစ်ခတ်မှုကြောင့်သေဆုံးခဲ့သူတစ်ဦးအတွက် ထောက်ပံ့ငွေ(၃ဝဝ,ဝဝဝ) ကျပ်အား ကျန်ရစ်သူမိသားစုထံ(၉.၅.၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_tls #mon_may2019 Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မုန်တိုင်းအသိပညာပေးဗွီနိုင်းဆိုင်းဘုတ်အား စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ (၁၀.၅.၂၀၁၉)နေ့၌ ကသာခရိုင်၊ အင်းတော်မြို့နယ် လူစည်ကားရာနေရာဖြစ်သော မြို့မဈေးအနီး ကားဂိတ်နှင့် မြန်မာ့စီးပွားရေးဘဏ်ဒေါင့် အင်းတော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် မြို့နယ်ရဲစခန်း လမ်းဆုံတွင် မုန်တိုင်းအသိပညာပေးဗွီနိုင်းဆိုင်းဘုတ်အား စိုက်ထူခဲ့ကြောင်း သိရှိရပါသည်။ #sgg_may2019 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
စစ်တွေမြို့၊ လမ်းမတော် တောင်ရပ်ကွက် အမျိုးသားကျောင်းတိုက်၌ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင် မြို့နယ်တို့မှ တိုက်ပွဲရှောင်ပြည်သူများ အိမ်ထောင်စု(၂၁)စု၊ လူဦးရေ (၆၉)ဦးနှင့် ကယုချောင်းကျောင်းတိုက်၌ အိမ်ထောင်စု(၆)စု၊ လူဦးရေ(၃၁)ဦး၊ စုစုပေါင်းအိမ်ထောင်စု(၂၇)စု၊ လူဦးရေ (၁၀၀)ဦးတို့အတွက် ဆန်ရိက္ခာ (၁) လစာဖို့ထောက်ပံ့ငွေ(၉)သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး (ကျား၊မ၊တီရှပ်၊တဘတ်)တို့အား (၁၀.၅.၂၀၁၉) ရက်တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်အဖွဲ့နှင့်အတူ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးတို့မှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #rke_may2019 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)









