လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၅-၂၀၁၉) ရက်နေ့တွင်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးရာ ကော်မတီအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်း အစည်းအဝေးကို ဒေးဒရဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ဌာန(၅)ခုမှ ဒေးဒရဲမြို့နယ်အတွင်းလုပ်ငန်းများဆောင်ရွက်ရာတွင်အားနည်းချက်အားသာချက်များဖေါ်ထုတ်ဆွေးနွေးခဲ့ကြရာ ဒေးဒရဲမြို့နယ်ဦးစီးမှူးရုံးမြေနေရာရရှိရေးနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ကော်မတီ ရန်ပုံငွေဖြင့် တည်ဆောက် နေသည့် Shelter (၅) လုံးတည်ဆောက်မှုအခြေအနေများကိုတင်ပြဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)