
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၅-၂၀၁၉) ရက်နေ့၌ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကျေးရွာအုပ်စု(၅)စု၊ ကျေးရွာ(၁၃)ရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ်(၁၆)လုံးနှင့် အမိုးလန်နေအိမ်(၁၂၇)လုံး၊ အမိုးလန်ဘုန်းကြီးကျောင်း(၁)ကျောင်းတို့အတွက် အိမ်/ကျောင်း ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀၈၂၅၀) ကျပ်၊ ပြိုလဲအိမ်ထောင်စု(၁၆)စုရှိ လူဦးရေ(၄၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၉၂၄၀၀) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၇၁၀၀၆၅၀)ကျပ် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး ၊ (ပလပ်စတစ်ပုံးအပါ) (၁၆) အိမ်ထောင်စာအား (၁၀-၅-၂၀၁၉) ရက်နေ့ (၁၄း၃၀)နာရီအချိန်တွင် အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ အုတ်ဖိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_may2019
Source – ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)