စစ်တွေမြို့၊ လမ်းမတော် တောင်ရပ်ကွက် အမျိုးသားကျောင်းတိုက်၌ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင် မြို့နယ်တို့မှ တိုက်ပွဲရှောင်ပြည်သူများ အိမ်ထောင်စု(၂၁)စု၊ လူဦးရေ (၆၉)ဦးနှင့် ကယုချောင်းကျောင်းတိုက်၌ အိမ်ထောင်စု(၆)စု၊ လူဦးရေ(၃၁)ဦး၊ စုစုပေါင်းအိမ်ထောင်စု(၂၇)စု၊ လူဦးရေ (၁၀၀)ဦးတို့အတွက် ဆန်ရိက္ခာ (၁) လစာဖို့ထောက်ပံ့ငွေ(၉)သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး (ကျား၊မ၊တီရှပ်၊တဘတ်)တို့အား (၁၀.၅.၂၀၁၉) ရက်တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်အဖွဲ့နှင့်အတူ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးတို့မှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)