လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

10 Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်                 (၅-၅-၂၀၁၉) ရက်နေ့နှင့် (၇-၅-၂၀၁၉) ရက်နေ့၌ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၆) စုတွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ် (၄၈) လုံး၊ ပြိုလဲဘုန်းကြီးကျောင်း (၁) ကျောင်းနှင့် အမိုးလန်နေအိမ် (၃၇၆) လုံးနှင့် အမိုးလန်ဘုန်းကြီးကျောင်း (၄) ကျောင်းအတွက် အိမ်/ကျောင်း ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၃၇၁၉၈၀၀) ကျပ်၊ ပြိုလဲအိမ်ထောင်စု (၄၈) စုရှိ လူဦးရေ (၂၀၇) ဦး တို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၄၃၄၇၀၀)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၄၁၅၄၅၀၀)ကျပ် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ (ပလပ်စတစ်ပုံးအပါ) (၄၈) အိမ်ထောင်စာအား (၁၀-၅-၂၀၁၉) ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင် မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မိုးညိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

#ha_sgw
#bgo_may2019
Source – ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events