Category Archives: News
-
ကယားပြည်နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၁၉)ရက်နေ့က ဒီးမော့ဆိုမြို့နယ်၊ပန်ပက်ကျေးရွာအုပ်စု၊ ဆောင်လူးကနားကျေးရွာနှင့် ကတဲကူးကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပျက်စီးအိမ်ခြေ/အိမ်ထောင်စု (၄)စုမှ လူဦးရေ (၂၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၄)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး(၄၀၀,၀၀၀)ကျပ်နှင့် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၅၀,၄၀၀)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၄၅၀,၄၀၀)တို့အား (၁၁-၅-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၂-၅-၂၀၁၉)ရက်နေ့ (၁၃၃၀)နာရီအချိန်တွင် မိုးညိုမြို့နယ်ဘုရားငူကျေးရွာအုပ်စု၊ မိုးသစ္စာကျေးရွာတွင် သဘာဘေးအန္တရာယ်ဆိုင်အသိပညာပေးဆွေးနွေးဟောပြောပွဲကို ကျင်းပဆောင်ရွက်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ ကျေးရွာနေပြည်သူ (၁၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူများအား လက်ကမ်းစာစောင်များနှင့် ပိုစတာများဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူး ရုံးမှတာဝန်ရှိသူများသည် နတ်မောက်မြို့နယ်၊ အင်တောရွာသစ်(အလယ်ပိုင်း)၌ သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော ကျေးရွာနေပြည်သူ အိမ်ခြေ (၁၂၀) လုံး၊ အိမ်ထောင်စု (၁၂၈) စု၊ လူဦးရေ (၇၀၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား (၁၂-၅-၂၀၁၉) ရက်နေ့တွင် ကျေးရွာအရောက်သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_may2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၅-၂၀၁၉)ရက်နေ့နံနက် (၁၀၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်၊ ဆားချက်ကျေးရွာအုပ်စု၊ ဆားချက်ကျေးရွာမှ ကျေးရွာနေပြည်သူ (၁၀၀)ဦးခန့်တို့အား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး ဘေး(၈)မျိုးလက်ကမ်းစာစောင်များ ဝေငှခြင်းဗွီနိုင်းပိုစတာများအားကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လွိုင်ကော်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်ကော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၉)ရက်နေ့က ဒီးမော့ဆိုမြို့နယ်၊ ဒီးမော့ဆိုကျေးရွာအုပ်စု၊ ဆာတန်ရော်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပျက်စီးအိမ်ခြေ/အိမ်ထောင်စု (၂)စုမှ လူဦးရေ (၇)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၂)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး(၁၉၉,၀၀၀)ကျပ်နှင့် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၄,၇၀၀)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၂၁၃,၇၀၀)တို့အား (၁၁-၅-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လွိုင်ကော်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်ကော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၉)ရက်နေ့၊ (၁၈:၀၀)နာရီအချိန်ခန့်၌ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်၊ မြို့မရပ်ကွက်တွင်နေအိမ်(၆)လုံးနှင့် ဒီးမော့ဆိုကျေးရွာအုပ်စု၊ မားနာပလော့ကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော အိမ်ခြေ/အိမ်ထောင်စု (၁)စုမှ လူဦးရေ (၄၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၁၀)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး(၉၅၇,၀၀ဝ)နှင့် ဆန်ရိက္ခာတန်ဖိုး(၇)ရက်စာ (၉၀,၃၀ဝ)ကျပ်၊ ရန်ပုံငွေစုစုပေါင်း(၁,၀၄၇,၃၀ဝ) ကို (၁၀-၅-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၉)ရက်နေ့က တောင်ကြီးမြို့နယ်၊ ကျောက်နီကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့် အိမ်ခြေ/အိမ်ထောင်စု (၁)စုမှ လူဦးရေ (၅)ဦး တို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ(၁၀,၅၀ဝ)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀,၀၀ဝ)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုး(၁)စုစာအား (၁၁-၅-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူ ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၅-၂၀၁၉)ရက်နေ့၊ (၀၉း၀၀)နာရီအချိန်က ပခုက္ကူမြို့နယ်၊ ရေလာကျေးရွာအုပ်စု၊ရေလာကျေးရွာ၌ လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းကို ဆောင်ရွက်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြမင်းဆွေ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးမြင့်ဆောင်၊ ဌာနဆိုင်ရာများ၊ ကရုဏာမြန်မာလူမှုအဖွဲ့အစည်း၊ သတင်းမီဒီယာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ကျေးရွာ သား/သူများ စုစုပေါင်း အင်အား(၃၃၀)ဦးခန့် စုပေါင်းပါဝင် တက်ရောက်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ၊ ဖြန့်ဝေပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
-
လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၆)ရပ်ကွက်၌ (၈-၅-၂၀၁၉) ရက်နေ့၊ (၂၀း၀၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ (၁၁) လုံး၊ အိမ်ထောင်စု (၁၁) စုမှ လူဦးရေ (၇၄) ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၆၀,၀၀ဝ/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၅၅,၄၀ဝ/-) ကျပ်အား (၁၁-၅-၂၀၁၉) ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ygn_may2019 Source: … Read more
-
မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၁၉) ရက်နေ့၊ နံနက် (၁၀၀၀) နာရီအချိန်တွင် မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာတွင် ကျေးရွာနေပြည်သူ (၁၀၀)ဦးခန့်တို့အား သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများအကြောင်း၊ မီးဘေး၊ ငလျင်ဘေးနှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်များ ဟောပြောပို့ချခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။









