လွိုင်ကော်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်ကော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၉)ရက်နေ့က ဒီးမော့ဆိုမြို့နယ်၊ ဒီးမော့ဆိုကျေးရွာအုပ်စု၊ ဆာတန်ရော်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပျက်စီးအိမ်ခြေ/အိမ်ထောင်စု (၂)စုမှ လူဦးရေ (၇)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၂)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး(၁၉၉,၀၀၀)ကျပ်နှင့် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၄,၇၀၀)ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၂၁၃,၇၀၀)တို့အား (၁၁-၅-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events