ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၁၉)ရက်နေ့က တောင်ကြီးမြို့နယ်၊ ကျောက်နီကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့် အိမ်ခြေ/အိမ်ထောင်စု (၁)စုမှ လူဦးရေ (၅)ဦး တို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ(၁၀,၅၀ဝ)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀,၀၀ဝ)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုး(၁)စုစာအား (၁၁-၅-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events